အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု

Post date: 13/12/2011

ကမ္ဘာမှာ ဒုတိယမြောက်  ရေနံ ထုတ်လုပ်မှုအများဆုံး အီရန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား  ပဋိပက္ခကြောင့် အရှေ့ အလယ်ပိုင်းဒေသရဲ့ ရေနံရောင်းလိုအားကို စိုးရိမ်ဖွယ်ဖြစ် လာစေရာ ဒီဇင်ဘာလဆန်းပိုင်းမှာ ရေနံစိမ်း ကြိုပွိုင့် အရောင်း ဈေးနှုန်းတွေ မြင့်မားလာပါတယ်။ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ 

Post date: 13/12/2011

ပါကစ္စတန်နိုင်ငံရဲ့ ပဲမျိုးစုံ တင် သွင်းမှုဟာ ယခုနှစ် အောက်တိုဘာ အတွင်းမှာ ကန်ဒေါ်လာ ၃၇ ဒသမ ၄၀၆ သန်းဖိုးသာရှိလို့ ယခင်ဘဏ္ဍာ နှစ်ကာလတူ တင်သွင်းခဲ့တဲ့ ကန်ဒေါ် လာ ၄၉ ဒသမ ၆၉ သန်းဖိုးနဲ့ယှဉ်ရင် ၂၄ ရာခိုင်နှုန်း သို့မဟုတ် ကန် ဒေါ် လာ ၁၂ ဒသမ ၂၈၄ သန်း လျော့ကျ တင်သွင်းခဲ့တယ်လို့

Post date: 06/12/2011

နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်တင်ပို့နိုင်ဖို့ အိန္ဒိယအစိုးရက ကြက်သွန်နီတင်ပို့ဈေးနှုန်းကို တစ်ပတ် အတွင်း တစ်တန် ကန်ဒေါ်လာ ၂၅၀ ကို ဒေါ်လာ ၁၀၀ ထပ်မံလျှော့ချလိုက်ပါတယ်။ ဘင်ဂါယာ ကြက်သွန်နဲ့ ကရီရှနာပူရမ်ကြက်သွန်များမှအပ အခြားကြက်သွန်အမျိုးအစားအားလုံးအတွက် အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP) ဟာ တစ်တန်ကန်ဒေါ်လာ ၂၅၀ ကို သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့

Post date: 06/12/2011

ယခုရက်ပိုင်းအတွင်း အိန္ဒိယပဲမျိုးစုံဈေးကွက်မှာ ကုလားပဲဈေးနှုန်း အားနည်း နေချိန်မှာ အိန္ဒိယရူပီးတန်ဖိုး ကျဆင်းလာခြင်းက ဈေးနှုန်းကို ပိုမိုဖိအား ဖြစ်စေ တယ်။ ဒါပေမဲ့ ဒီလိုဈေးနှုန်းကျဆင်းလာခြင်းက ဝယ်လိုအားကို ပိုမိုဆွဲဆောင်နိုင်ပြီး ဈေးနှုန်းကျဆင်းမှုကို  အထိန်းအကွပ်ဖြစ်စေတဲ့အပြင် မကြာမီကာလ အတွင်း ဈေးနှုန်းပြန်လည် မြင့်မားလာမယ်လိ့ု
Post date: 29/11/2011

ပါကစ္စတန်နိုင်ငံရဲ့ ပုံမှန်ဝယ်လက်များအတွက် ဝယ်လို အား ဖြည့်ဆည်းဖို့ ၂၀၁၂ ခုနှစ် စပိုင်းမှာ ဆန်တင်ပို့မှု တိုးမြှင့် မယ်လို့ ပါကစ္စတန်ဆန်တင်ပို့သူများအသင်း (REAP) ဒုတိယ ဥက္ကဋ္ဌ ှSafder  Hussain  Mehkri မှ ပြောကြားပါတယ်။ ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လာမယ့်ကာလတွေမှာ ဆန်ရောင်းချမှုလျှော့ကျနိုင်တဲ့အတွက် နိုင်ငံတကာဆန်ဈေးကွက်မှာ လိုအပ်တဲ့ ပမာဏကို တင်ပို့မှုတိုးမြှင့်ဖို့ ပါကစ္စတန်ဆန် တင်ပို့သူများ ကြိုးစားနေတယ်လို့

Post date: 29/11/2011

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးသွားမှုကြောင့် အိန္ဒိယရဲ့ ပို့ကုန်တိုးတက်နှုန်းကလည်း နှေးကွေးသွားကြောင်း သတင်း ရရှိပါတယ်။ အိန္ဒိယက အောက်တိုဘာလမှာ ကုန်သွယ်ရေးလိုငွေပြမှုက ကန်ဒေါ်လာ ၁၉ ဒသမ ၆ ဘီလီယံကိုရောက်ရှိခဲ့ရာ လေးနှစ်အတွင်း မှာ အမြင့်ဆုံးကို ရောက်ရှိသွားကြောင်း

Post date: 29/11/2011

လွန်ခဲ့တဲ့ရက်သတ္တပတ်အထိ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေကျဆင်းပြီး တရုတ်ကိုတင်ပို့မှုမှာ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေရ ကြောင်း Saigon Economic Times ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က နယ်စပ်ကုန်သွယ်မှု အလွန်အားနည်းခဲ့ပြီး လက်ရှိဈေးနှုန်းကို ဗီယက်နမ်ရော်ဘာ စီးပွားရေး လုပ်ငန်းတွေက စိတ်ဝင်စားမှု မရှိကြောင်း

Post date: 29/11/2011

လက်ရှိဈေးကွက်နှစ်အတွင်း တောင်အာရှနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ပိုလျှံသကြား သိုလှောင်မှုအမြောက်အမြားရှိခြင်းနဲ့ သယ်ယူမှု အဆင်ပြေနိုင်ခြင်းတို့ကြောင့် တရုတ်နိုင်ငံဟာ ဈေးသက်သာတဲ့ အိန္ဒိယသကြား တင်သွင်းဖွယ်ရှိတယ်လို့ နိုင်ငံ တကာ သကြားအဖွဲ့အစည်း (ISO) အမှုဆောင်ဒါရိုက်တာ Peter Baron မှ နိုဝင်ဘာလ ၂၁ ရက်မှာ ပြောကြားပါတယ်။

Post date: 28/11/2011

ကမ္ဘာ့အကြီးဆုံးမော်တော်ကားဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသည် ကားဝယ်လို အားများဆဲ ဖြစ်၍ ရော်ဘာအပါအဝင် တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်ရန် ဆန္ဒရှိနေရှိနေပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာ့ရော်ဘာ အများဆုံးတင်ပို့သူဖြစ်ပြီး တန်ဖိုးမြှင့် ရော်ဘာထုတ်ကုန်များကို တင်ပို့ရန် နည်းလမ်းများလည်း

Post date: 22/11/2011

ကမ္ဘာ့သဘာဝဘေးအန္တရာယ်များကျရောက်တဲ့အတွက် ယခုနှစ်ကုန်လများအတွင်း ဗီယက်နမ်နိုင်ငံရဲ့  သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တင်ပို့မှုက သိသာစွာ တိုးတက် လာကြောင်း စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ အာရှနဲ့ ဥရောပနိုင်ငံတွေမှာ ရာသီဥတုဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစိုက်ခင်းတွေပျက်စီးပြီး ဝယ်လိုအားတက်လာကြောင်း သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ ရေကြီးမှုနဲ့ ရင်ဆိုင်ရတာရဲ့အကျိုးဆက်ကြောင့်လည်းဖြစ်ကြောင်း

Pages