နယ်စပ်ကုန်သွယ်မှု

Post date: 30/01/2012

မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်နဲ့ မြန်မာ - ဘင်္ဂလားဒေရှ့်နယ်စပ်ရှိ စစ်တွေစခန်းတို့မှ  ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကွမ်းသီး ၂၄ တန်ကျော် တန်ဖိုးဒေါ်လာ သုည ဒသမ ၀၂၈ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ထက် ၉ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။
MIRT(DOBT)

Post date: 24/01/2012

ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂  ဒသမ ၈၄၃ သန်းကျော် တန်ဖိုးရှိ ရေထွက်ကုန် ၁၁၄၉ တန်နီးပါး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တန် ၉၃၄ တန်ခန့် အပို့ ရှိခဲ့တာမို့ ၂၂၆ တန် ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရေထွက်ကုန် ၇၈၈ တန်ကျော်၊ ချင်း ရွှေဟော်မှ ၁၉ တန်ကျော်၊ မြဝတီမှ ၁၁၃ တန်ကျော်၊ စစ် တွေမှ  တန် ၅၀ ကျော်နဲ့ မောင်တောမှ ၁၇၉ တန်ခန့်

Post date: 17/01/2012

ဒီဇင်ဘာ ၅ ရက်က ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်လိုက်တဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလမှာ ပို့ကုန် ကန်ဒေါ်လာ ၁ ဒသမ ၅၃၆ သန်း၊ သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၇၃၂ သန်း ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ပို့ကုန်ပိုင်းတွင် ကန်ဒေါ်လာ ၁ သန်းကျော်တန်ဖိုးရှိတဲ့ ရေထွက်ကုန်ငါးမျိုးစုံ ၃၆၈ တန်ခန့်၊ ပုစွန် ၂၇ တန်ကျော်နဲ့ ကဏန်း ၂၅ တန်ခန့် တင်ပို့နိုင်ခဲ့ပြီး

Post date: 17/01/2012

ရခိုင်ပြည်နယ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်ဘင်္ဂလားဒေရှ် နိုင်ငံကို ငါးမြစ်ချင်း၊ ငါးခေါင်းပွစတဲ့ ရေချိုငါးများ ယခင်နှစ်များထက် ပိုမို တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ရခိုင်ကမ်းရိုးတန်း သားငါးဖွံ့ဖြိုးရေးလုပ်ငန်း အစု အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း

Post date: 17/01/2012

ပန်းသီး။    ကန်ဒေါ်လာ သုည ဒသမ ၄၅၉ သန်းတန်ဖိုးရှိ ပန်းသီးတန် ၁၀၀၀ ကျော် ယခုအပတ် နယ်စပ်ကုန် သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီးနဲ့ မြဝတီနယ်စပ်များမှ အသွင်းရှိခဲ့ပါတယ်။ မူဆယ်မှ ၉၆၉ တန် ကျော်၊ ကန်ပိုက်တီးမှ ၃၅ တန်နဲ့ မြဝတီမှ ၉ တန် အသီးသီး တင်သွင်းခဲ့ထားဖြစ်ပါတယ်။ မြန်မာ - အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၀၀၅ သန်းတန်ဖိုးရှိ ပန်းသီးဂျပ်ဖါ၁၄၀ အပို့ ရှိခဲ့တယ်လို့

Post date: 03/01/2012

မန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ဖရဲ သီး ၈၁၁၂ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၃၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဖရဲပေါ်တဲ့ ရာသီဖြစ်သော်လည်း တဖက်နိုင်ငံမှ နှစ်သစ်ကူးပိတ်ရက်များကြောင့် တင်ပို့မှု အနည်းငယ် ကျဆင်းနေတာဖြစ်ကြောင်း

Post date: 03/01/2012

မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်စခန်း၊ မြန်မာ - ထိုင်းနယ်စပ်ရှိ  မြဝတီစခန်းနဲ့ မြန်မာ - ဘင်္ဂလားဒေရှ့် နယ် စပ်ရှိ စစ်တွေနဲ့ မောင်တောစခန်းများကနေ ဒီဇင်ဘာ ၂၁ မှ ၂၇ ရက်ထိကာလအတွင်း ရေထွက်ကုန် ၇၆၉ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၄၈၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့မှုတွေကတော့ မူဆယ် စခန်းမှ ငါးရှဉ့် ၁၇၇ တန်ကျော်၊ ကဏန်း(အရှင် )၁၁၆ တန်ကျော်၊ ရေငန်ငါးမျိုးစုံ ၉၆ တန်ကျော်နဲ့

Post date: 27/12/2011

ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ထိကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်းကနေ ဝက်အရှင် ၂၀၃၁၅ ကီလို တန်ဖိုးကျပ် ၂၇ ဒသမ ၈၃၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်

Post date: 27/12/2011

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကနေ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၉၀၆ သန်း တန်ဖိုးရှိ တိရစ္ဆာန်ထွက် အေးခဲအမဲသား၊ အမဲသားခြောက်၊ နွားသိုချောင်း၊ ဝမ်းတွင်းသားနဲ့ နွားမြီး ၄၈၆ တန် တင်ပို့နိုင်ခဲ့ပါတယ

Post date: 22/12/2011

မူဆယ်နယ်စပ်မှ အမဲသား ၂၃၂ တန်နဲ့ အေးခဲအမဲသား ၁၂၉ တန်ကျော် အပို့ရှိခဲ့ပြီး ယခင်အပတ်က ထက် ၇၁ တန် လျော့ခဲ့ ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၁၁၀ တန်၊ အမဲပြုတ်သား ၅ တန်၊ အေးခဲအရွတ် ၂ တန်၊ နွားသိုချောင်း ၁ တန်၊ အေးခဲဝမ်းတွင်းသား ၅ တန်ခွဲ၊ အေးခဲအမြီး ၁ တန်နဲ့ ဆိတ်သားရေခြောက် ၃ တန်ကျော် အပို့ရှိခဲ့ရာ

Pages