နောက်ဆုံးရ သတင်း

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ကြီးရုံး၊ ဝန်ထမ်းထုဆန္ဒထုတ်ဖော်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲနှင့် စီမံကိန်းနှင့်စားရင်းအင်းဌာနခွဲတို့မှ လက်ထောက်အတွင်းဝန်များက လိုအပ်သည်များအား တင်ပြဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့ (၁၄ း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့် သည် ဗြိတိန်နိုင်ငံအခြေစိုက် Pernod Ricard ကုမ္ပဏီလီမိတက်မှ စင်ကာပူ၊ ထိုင်း၊ ကမ္ဘောဒီယားနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲဈေးကွက်များဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Cedric Retailleau ဦးဆောင်သည့် Asia Pacific International Wine and spirits Alliance (APIWSA) မှ ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပို့ကုန် သွင်းကုန် လိုင်စင် ထုတ်ပေးမှုအတွက် အွန်လိုင်း အပြည့်အဝ အသုံးပြုနိုင်သည့် ပို့ကုန်/သွင်းကုန် လိုင်စင်စနစ် (Fully Online Licensing System) ဖြင့် သတ်မှတ် ကုန်ပစ္စည်း အမယ် အချို့အား ၂၀၁၆ ခုနှစ် ဇွန်လမှ စတင်ခွင့်ပြု ထုတ်ပေးခဲ့ပြီး CMP (အထည်ချုပ်) သွင်းကုန်လိုင်စင်များအား မြန်မာနိုင်ငံ အထည်ချုပ်အသင်းနှင့် ချိတ်ဆက်၍ (Fully Online Licensing စနစ်ဖြင့် ၂၀၁၇ ဇန်နဝါရီလ (၂၃) ရက်နေ့မှ စတင်၍ စမ်းသပ်ထုတ်ပေးလျက်ရှိပါသည်။

သွင်းကုန်လိုင်စင်လျောက်ထားမှု အပိုင်းတွင် လည်း  နိုင်ငံတကာတွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျော ညီထွေရှိစေရန် လိုင်စင်လျောက်ထား ရန် မလိုအပ်သည့် ကုန်ပစ္စည်း အမယ်များအဖြစ် အဆင့် လိုက် လျော့ချဖြေလျော့ပေး ခဲ့ရာ ဖြေလျှော့ပေးခဲ့ သည့် (Negative List) HS Line များမှ ထောက်ခံချက်များ ပူးတွဲတင်ပြ ရန် မလိုအပ်သည့် ပို့ကုန်သွင်းကုန်ကုန်ပစ္စည်း HS line (၃၅၂)အား Fully Online စနစ်တွင်တိုးချဲ့ ထုတ်ပေး နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက် ရှိပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များ ဘက်မှ ဖြည့်စွက်အကြံပြုချက်များ၊ ထပ်မံထည့်သွင်း လိုသည့် ကုန်ပစ္စည်း HS line များအား  အကြံပြုသွားရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညှိနှိုင်းထားကြောင်း သိရပါသည်။

ကုန်ပစ္စည်း HS လိုင်း (၃၅၂) လိုင်း 

  ↵

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ (၁၄ း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် Korea Industrial Complex Co., Ltd. (KIC) မှ Representative Director & CEO  ဖြစ်သူ Mr. Baecho Cho ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ

  ↵

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ (၁၁ း ၄၅) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် သည် ဖင်လန်နိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၊ ဝန်ကြီး H.E. Mr. Kai Mykkanen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း