NISSANကုမ္ပဏီကSunny ဆီဒင်ကားသစ်ကို ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရောင်းချပေးမည်

Mon, 01/23/2017 - 08:09 -- admin_ygn

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် များကို  တပ်ဆင်ထုတ်လုပ်ရောင်းချ လျက်ရှိသည့် NISSANကုမ္ပဏီက ၎င်း၏  နောက်ဆုံးထုတ်လုပ်သည့် ှSunny  ကား အမျိုးအစားသစ်ကို ကျပ် ၂၀၆ သိန်းဖြင့် ရောင်းချပေး မည်ဖြစ် ကြောင်း NISSAN  ၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။NISSAN သည်  ၎င်းင်းထုတ်လုပ် ခဲ့သည့် ကားသစ်နှင့်ပတ်သက်၍ မိတ် ဆက်ပွဲအခမ်းအနားကို   နိုဗိုတယ်ဟို တယ်မက်စ်တွင် ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့သည်။
Nissan  မှ မြန်မာနိုင်ငံတွင် တပ် ဆင်ထုတ်လုပ်မည့် မော်တော်ကားများ အတွက်  ပဲခူး၌  စက်ရုံတည်ဆောက် ထားပြီးဖြစ်သော်လည်း Sunny  ကား သစ်အတွက် ယင်းစက်ရုံသို့ မပြောင်း ရွှေ့မီ လှိုင်သာယာ၌ တပ်ဆင်ထုတ် လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကားသစ်ကို အခြေခံMTဂရိတ် (ကျပ် ၂၀၆ သိန်း ++)၊ အလယ်အလတ် ှဠ ဂရိတ် (ကျပ် ၂၁၉ သိန်း ++)နှင့်အမြင့်တန်းSVဂရိတ်(ကျပ် ၂၄၄သိန်း++)ဟူ၍ ဂရိတ် သုံးမျိုး၊ အဖြူ၊ အမည်း၊ ငွေရောင်နှ င့် ကြေး ညိုရောင် ဟူ၍ အရောင်လေးမျိုး ခွဲခြားထုတ်လုပ်ပေးထားသည်။  အင် ဂျင်ပါဝါ 1.5L ရှိပြီး လောင်စာဆီ တစ် လီတာလျှင် ၁၆ ဒသမ ၆ ကီလိုမီတာ အထိ ခရီးနှင်နိုင်စွမ်းရှိသည်။ အပြင် ပိုင်း ရုပ်ထွက်အား ခေတ်နှင့်ေ လျာ်ညီ စေရန်  ဒီဇိုင်းဖန်တီးပေးထားသကဲ့သို့ အတွင်းခန်း  ကျယ်ဝန်းစေရန်လည်း စီမံပေးထားသည်။ ထို့အပြင် ABS ဘရိတ်စနစ်၊ ခလုတ်နှိပ်ကာ ကားစက် နှိုးနိုင်သောPush Start   စနစ်ကဲ့သို့ သော အဆင့်မြင့်နည်း ပညာ များ ထည့် သွင်းပေးထားပြီး အန္တရာယ်ကင်းရှင်း ရေးအတွက် ကိုယ်ထည်ပိုင်းကို အပိုင်း နှစ်ပိုင်း  ခွဲခြားတည်ဆောက်ပေးထား ကြောင်း သိရသည်။
Nissan သည် ၎င်းင်း၏ ကားစက်ရုံ ကို ပဲခူးစက်မှုဇုန်တွင် ၂၀၁၉ ခုနှစ် အတွင်းဖွင့်လှစ်ရန် လျာထားပြီး ဈေး သက်သာစွာဖြင့် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်ရန် မျှော်လင့်ထားသည်။Nissan  ကုမ္ပဏီအား ပြည်တွင်း ၌ ယာဉ် ထုတ်လုပ်ခွင့်နှင့် တပ်ဆင်ခွင့်ကို ၂၀၁၃ ကတည်းက မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်က  ခွင့်ပြုပေးထား ခြင်းဖြစ်သည်။
မယ်သီတာ