Mitsubishi Motors Myanmar u 2016 Pajero Sport နှင့် 2016 L200 မော်ဒယ်လ်များအတွက်Road Show ကျင်းပ

Wed, 03/29/2017 - 07:57 -- admin_ygn

    Mitsubishi Motors Myanmar က တင်သွင်းရောင်းချလျက်ရှိသော 2016 Mitsubishi Pajero Sport  နှင့် 2016 Mitsubishi L200 မော်ဒယ်လ်များအတွကRoad Show အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ မတ် ၁၀ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပခဲ့သည်။ အဆိုပါ  ကားမော်ဒယ်လ်သစ်  နှစ်မျိုးနှင့်ပတ်သက်၍motors.com.mm  မMitsubishi Motors Myanmar ၏ Marketing Manager  ဖြစ်သူ ဦးစိုးထွဋ် အောင်က]]Pajero Sport  ကို အရမ်းလူကြိုက်များပါတယ်။ တင်သွင်း ရောင်းချသမျှ နိုင်ငံတွေက အကောင်းဆုံးFeedback  တွေပြန်ရပြီး ပြိုင်ဘက်တွေကြားမှာ မျက် နှာပန်းလှတယ်လို့ ပြောလို့ရပါတယ်။ Pajero Sport  ကို ဒီမှာ လူသိနည်းနေသေးပေ မယ့် လာကြည့်တဲ့ ကားဝယ်သူတိုင်းက ကားကိုမြင်ပြီး သိပ်မကြာခင်မှာပဲ ဝယ်သွား  လေ့ရှိပါတယ်။ ပြီးတော့ 2015 Pajero Sport  နဲ့ 5-speed Automatic တို့က အရမ်း ကွာခြားပါတယ်။ 2015 Pajero Sport နှင့်  2016 Pajero Sport  ဖြစ်ပေမယ့် ၂၀၁၆ မော်ဒယ်လ်မှာ ၈-ျစနနိ ဖြစ်သွားတယ်''ဟု ပြောကြားခဲ့သည်။
ထို့အပြင် ယခုRoad Showအစီအစဉ်တွင် မော်တော်ကားဝယ်ယူသူများ အတွက် လျှော့ဈေးအစီအစဉ်များအပြင် သုံးနှစ်အထိ ပစ္စည်း၊ လက်ခမဲ့ဝန်ဆောင် မှုများလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပစ္စည်း၊ လက်ခမဲ့ ဝန် ဆောင်မှုနှင့်ပတ်သက်၍ ''ကားတွေက ကီလိုငါးထောင်မောင်းပြီးတိုင်း ဆားဗစ် လုပ်ဖို့လိုတယ်၊ အဲဒီအချိန်မှာ ကျွန်တော်တို့က အင်ဂျင်ဝိုင်၊ လေစစ်၊ ဆီစစ် စတာ တွေကို ပစ္စည်းဖိုး အခမဲ့၊ လက်ခပေးစရာမလိုဘဲ သုံးနှစ်တိတိ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်''ဟု ဦးစိုးထွဋ်အောင်က ဆက်လက်ရှင်းပြခဲ့သည်။
2016 Pajero Sport  ကို 2WDနှင့် 4WDမော်ဒယ်လ်နှစ်မျိုး ရွေးချယ်နိုင်ပြီး  ဈေးနှုန်းများမှာ အမေရိကန်ဒေါ်လာ ၇၄,၉၀၀ (GLS 2WD 2016 MY)  နှင့် အမေရိကန်ဒေါ်လာ၇၉,၉၀၀ (GLS Automatic Transmission 4WD 2016)  တို့ဖြစ်ကြောင်း သိရသည်။
မယ်သီတာ