International Tourismus Borse-ITB Diamond Award 2016 ဆုကို ကယားပြည်နယ်လေ့လာရေး ခရီးသွားမှတ်တမ်း ဗီဒီယိုက ဆွတ်ခူးရရှိ

Wed, 03/30/2016 - 07:05 -- admin_ygn

   မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာ ဗျူဟာရှိ ဝန်ဆောင်မှုကဏ္ဍတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို နယ်သာလန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန(Center for pro-motion of imports from developing coun-tries-CBI) မှNetherlands Trust Fund(III) အစီအစဉ်ဖြင့် နိုင်ငံတကာကုန်သွယ်မှု ဗဟို ဌာန(ITC)၏နည်းပညာအကူအညီဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သက်ဆိုင်ရာဝန်ကြီး ဌာန^အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ကယားပြည်နယ် အခြေပြု အလုံးစုံပါဝင်သော ခရီးသွားလုပ်ငန်းစီမံကိန်း(Inclusive Tourism Focusing on Kayah State) ကို၂၀၁၄ခုနှစ်မှစတင်၍ ကယား ပြည်နယ် တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ITC ၏အစီအစဉ်နှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ပံ့ပိုးကူညီမှုတို့ဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်ရန် ဂျာ မနီနိုင်ငံသားဒါရိုက်တာMax Kerkhoff ခေါင်းဆောင်သော အဖွဲ့ဝင်လေးဦးတို့သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ  ၅ ရက်မှ မတ် ၃ ရက်အထိ မြန်မာနိုင်ငံသို့  လာရောက်ကာကယားပြည်နယ်နှင့် အင်းလေးဒေသတို့တွင် အခြေခံ၍ ကယားပြည်နယ်လေ့လာရေး ခရီးသွားမှတ်တမ်းဗွီဒီယိုရိုက်ကူးခဲ့ကြသည်။ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ မတ် ၉ ရက် မှ ၁၃ ရက်အထိ ဘာလင်အပြည် ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းပြပွဲ   ၂၀၁၆ ခုနှစ်(Inter- national Tourismus Borse-2016)  ကို ကျင်းပ ခဲ့ရာ မတ် ၁၀ရက်တွင် ကျင်းပသော အပြည် ပြည်ဆိုင်ရာ ခရီးသွားရုပ်ရှင်ပြပွဲပြိုင်ပွဲ၌ နိုင်ငံ တကာမှခရီးသွားဗီဒီယို ၁၃၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင်To be discovered : Kayah State Myanmar ခေါင်းစဉ်ဖြင့် ကယားပြည်နယ် လေ့လာရေး ခရီးသွားမှတ်တမ်း ဗီဒီယိုကITB Diamond Award 2016 ဆုကို ဆွတ်ခူးရရှိခဲ့ သည်။အဆိုပါမှတ်တမ်းဗွီဒီယိုကို https://www.youtube.com/watch?v=Dtkdyi 4toe0&feature=em-share_video_user (An Introduction to Kayah State in Myanmar) တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
မြတ်မြတ်စိုးမိုး
(NES Unit, DOTP)