Industrial Human Resource Development in Myanmar ဆွေးနွေးပွဲကျင်းပမည်

Thu, 01/22/2015 - 15:01 -- admin_ygn

   ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဂျပန်နိုင်ငံစီးပွားရေးနှင့်စက်မှုဝန်ကြီးဌာန၏ ပင်လယ်ရပ်ခြားကျွမ်းကျင်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်နှင့် စက်မှုလုပ်ငန်းတိုးတက်ရေးအဖွဲ့(HIDA) တို့ပူးပေါင်းကာ  Industrial Human Resource Development in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ မည်ဖြစ်ကြောင်းသိရသည်။
   အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁နာရီခွဲမှစတင်ကာ ညနေ ၅ နာရီခွဲအထိ မင်းရဲကျော်စွာလမ်းရှိ  UMFCCI တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရ သည်။
   အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံအတွင်း Industrial Human Resource Development တစ်ခုအား လေ့လာမှုနှင့် ပြုလုပ်မှုလုပ်ငန်းစဉ်များကို အထောက်အကူပေး ရန်ဖြစ်ပြီး ဂျပန်နိုင်ငံ HIDA မှ တာဝန်ရှိသူများ၊ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် Myanmar HIDA-AOTS Alumni မှ တာဝန်ရှိ သူများကသက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်းသိရသည်။
   ယင်းဆွေးနွေးပွဲတွင် လူဦးရေကန့် သတ်ထားသဖြင့် UMFCCI ၏ လူ့စွမ်းအားအရင်းအမြစ်ဌာနသို့ လျှောက်လွှာတင်သွင်းကာ စာရင်းပေးသွင်းရမည်ဖြစ်ပြီး ဦးရာလူစနစ်ဖြင့် လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

MTD

Local Trade News

Pages