ဧပြီလအတွင်းဆန်နဲ့ ဆန်ကွဲတင်ပို့မှု လျော့ကျ

Tue, 05/09/2017 - 08:27 -- admin_ygn

              မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန် ဒေါ်လာ ၉ ဒသမ ၀၄၇ သန်း   တန်ဖိုးရှိ ဆန် ၂၈၈၄၆ တန်ကျော်၊ တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် တန်ချိန် ၅၄၀၀ နဲ့ ဧည့်မထဆန် ၁၂၈၈၈ တန်ကျော်၊ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၈၇တန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၉၉၀၉ တန်ကျော် တင်ပို့ပြီး မူဆယ် (၁၀၅) မိုင်  ကုန်သွယ် ရေးဇုန်မှ ကောက်ညှင်းဆန် ၃၆၁ တန် တင်ပို့ခဲ့ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အစဖြစ်တဲ့ ဧပြီ ၁ ရက်မှ ၂၈ ရက်အထိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ် လာ ၂၆  ဒသမ ၁၇၃ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၈၃၈၇၁ တန် တင်ပို့ခဲ့ပါတယ်။  မတ်လအတွင်းက အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၂၂၂ သန်း  တန်ဖိုးရှိ ဆန်တန်ချိန် ၁၀၅၈၅၅ တန်ကျော်တင်ပို့ ခဲ့ရာ ယခုလမှာ ဆန်တင်ပို့မှု ၂၁၉၈၅ တန်လျော့ကျခဲ့ပါတယ်။
ဧပြီလမှာ ကုန်သွယ်ရေးစခန်းများမှ ဆန်သာမက  ဆန်ကွဲ တင်ပို့မှုပါ လျော့ကျခဲ့ပါတယ်။ ဧပြီလမှာ အမေရိ ကန် ဒေါ်လာ၂ ဒသမ ၆၃၈ သန်းတန်ဖိုးရှိ ဆန်ကွဲ၁၁၃၉၃ တန် ကျော်တင်ပို့ပြီး မတ်လမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၅၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၃၀၂၁ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုလ ဆန်ကွဲတင်ပို့မှု ၁၆၂၈တန် လျော့နည်းခဲ့ ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဧပြီ ၂၃ ရက်မှ ၂၉ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၆၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၉၇၅ တန် တင် ပို့ခဲ့ရာ ပိုလန်နိုင်ငံသို့ ဧည့်မထဆန် ၂၂၅ တန်၊ မက်ဒါဂါး စကာနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၁၀၅၀၊ တောင်အာဖရိက နိုင်ငံသို့  ဧည့်မထဆန် တန် ၂၀၀၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၅၀၀ တင်ပို့ခဲ့ပါတယ်။ ဧပြီ ၁ ရက်မှ ၂၉ ရက်အတွင်း အမေရိကန် ဒေါ်လာ ၈ ဒသမ ၂၃၃ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၇၁၂၂တန် တင်ပို့ခဲ့ပါတယ်။ မတ်လက  ၅၂၈၀၈ တန်တင်ပို့ခဲ့တဲ့အတွက်  ဧပြီလအတွင်း ဆန်တင်ပို့မှုမှာ ၂၅၆၈၆ တန် လျော့နည်းခဲ့ပါတယ်။
ယခုတစ်ပတ်မှာ အမေရိကန် ဒေါ်လာ သုညဒသမ ၈၆၅ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၃၅၀ ကို အီးယူနိုင်ငံ များသို့ တင်ပို့ခဲ့ပြီး ဧပြီလတစ်လလုံးမှာ အမေရိကန်ဒေါ် လာ ၄ ဒသမ ၇၀၈သန်းတန်ဖိုးရှိ ဆန်ကွဲ၁၈၂၆၈တန် တင် ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံး မတ်လတင်ပို့မှုနဲ့နှိုင်းယှဉ်ပါက မတ်လက အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၈၄ သန်းတန်ဖိုး ရှိ ဆန်ကွဲ ၂၄၆၃၉ တန် တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ ဆန်ကွဲတင်ပို့မှု ၆၃၇၁ တန်လျော့နည်းခဲ့ပါတယ်။
ဧပြီလအတွင်းမှာ  ကုန်သွယ်ရေးစခန်းများမှရော ပင်လယ်ရေကြောင်းကုန်သွယ်မှုမှပါ ဆန်နဲ့ဆန်ကွဲတင်ပို့မှု လျော့ကျခဲ့ပါတယ်။
ယဉ်ယဉ်အေး

Local Trade News

Pages