ဥယျာဉ်ကျေးရွာ၌ သကြားပြောင်းဖူးများ လှိုင်လှိုင်ထွက်ပေါ် ရောင်းချ

Tue, 07/16/2024 - 04:57 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ပြီး နှမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ကြက်သွန်နီ၊ ဝါ၊ နေကြာနှင့် အခြားမီးဖိုချောင်သုံး သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ပြောင်း သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

   ပြောင်းသီးနှံအား မေလတွင် စတင်စိုက်ပျိုး၍ ဇူလိုင်လတွင် ထွက်ပေါ်လျက်ရှိပြီး မျိုးအနေ ဖြင့် သကြားပြောင်းနှင့် ပြောင်းစီးမျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈၄၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ လက်ရှိအချိန်တွင် သကြားပြောင်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် သကြားပြောင်းဖူး အရေအတွက် အဖူး ၉,၀၀၀ ကျော် ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက် အနေဖြင့် ပြောင်းဖူး အကြီးအသေးအလိုက် လက်ကားဈေး တစ်ဖူးလျှင် ငွေကျပ် ၃၀၀-၃၅၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၀ သိန်းခန့် ရရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် ဥယျာဉ်ကျေးရွာမှ ထွက်ရှိသော သကြားပြောင်းများကို အထက်မင်းလှ မြို့နှင့် မင်းလှ-သရက်-မလွန် ကားလမ်းမဘေးရှိ ပြောင်းဖူးဒိုင်များသို့ တင်ပို့ရောင်းချရကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages