အိန္ဒိယနယ်စပ် တမူးမှ ကွမ်းသီးအဆွဲကောင်းလို့ နယ်ဘက်ကွမ်းသီးစိုက်မိသားစုများ ဈေးကောင်းရ

Thu, 03/31/2016 - 06:56 -- admin_ygn

ကသာခရိုင်၊ အင်းတော်မြို့နယ် ထွက်ကုန် ကွမ်းသီးကို အိမ်ဝင်း၊ ရုံးဝင်း များ၊ ခြံစည်းရိုးပတ်လည်မှာ စိုက်ပျိုး ထားကြပါတယ်။  ကွမ်းသီးရင့်မှည့်ချိန် ဖြစ်တဲ့ မတ်လမှာ စစ်ကိုင်း၊မန္တလေးမှ ကွမ်းသီးကုန်သည်များ နယ်လှည့် ဝယ် နေကြပါတယ်။ ယခင်နှစ်က တစ်လုံး သုံးကျပ်ဈေးရှိပြီး ဒီနှစ်မှာတော့ အကြီး အသေးရောရာကို ငါးကျပ်နဲ့ ရောင်းရ လို့ကွမ်းသီးစိုက် မိသားစုများ ဝင်ငွေပိုမို ရတယ်လို့ သိရပါတယ်။အင်းတော်မြို့ပေါ် မော်လူး ၊ မဲဇာ ကျေး ရွာများရှိ ကွမ်းသီးပင် ငါးရာကျော် ခူးဆွတ်ခဲ့ပြီး အလုံး ခုနစ်သောင်းကျော် ရထားပါပြီ။ မန္တလေးပွဲရုံကို  ကွမ်းသီး ခြောက် တစ်ပိဿာ ၄၀၀၀ကျပ်ဈေးနဲ့ သွင်းပါတယ်။ အိန္ဒိယနယ်စပ် တမူးက အဝယ်လိုက်နေသလို တရုတ်၊ တောင် ကိုရီးယားသို့  တင်ပို့မှုများရှိနေလို့ ကွမ်းသီးဈေးမြင့်လာပါတယ်။ ကွမ်းသီး ကိုတနင်္သာရီတိုင်းဒေသကြီး ရေး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်းနဲ့  ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြမြို့နယ် များမှာ အများအပြားစိုက်ပျိုး တာ တွေ့ ရပြီး မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်မှာလည်း တစ်ပိုင်တစ် နိုင်စိုက်ပျိုးထားကြပါတယ်။ တမူးနယ် စပ်ကနေ အိန္ဒိယသို့အများဆုံးတင်ပို့ ပါတယ်။  အင်းတော်မြို့ နယ် မှာ အလုံး သုံးသိန်းကျော်ရပြီး၊  ဗန်းမောက်၊ ကသာ၊ ထီးချိုင့်ဘက်သို့ ဆက်လက်ဝယ် ယူမည်ဖြစ်ကြောင်း၊ နှစ်စဉ်ပိဿာချိန်ငါးထောင်ကျော်  အရောင်းအဝယ်ဖြစ် ကြောင်း ကွမ်းသီးကုန်သည်များထံမှ သိရပါ တယ်။စစ်ကိုင်း တိုင်းဒေသကြီး၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်း၏  အများဆုံး ပို့ကုန် ၁၀ မျိုးထဲမှာ ကွမ်းသီးပါဝင်နေ တာ တွေ့ရပါတယ်။ ဈေးကွက်ခိုင်မာပြီး စိုက်သလောက်အကျိုးရှိ၊မိသားစုဝင် ငွေ၊ တိုင်းပြည်ဝင်ငွေရတဲ့ ကွမ်းသီးကို ဥယျာဉ် အခင်းကျယ်များဖြင့် စနစ် တကျစိုက်ပျိုးသင့်ကြောင်း တင်ပြလိုက် ပါတယ်။

ကြည်နိုင်ဦး-အင်းတော်