အသုံးပြုပြီးတစ်ပတ်ရစ်စက်ပစ္စည်း (Used Machine) တင်သွင်းခွင့်အား တစ်နှစ်ဆက်လက်ခွင့်ပြု

Thu, 03/03/2016 - 03:39 -- admin_ygn

အသေးစား/အလတ်စား စက်မှု လုပ်ငန်းများ (SMEs) အပါအဝင် စက်မှု ကုန်ထုတ်လုပ်ငန်းများ   တည်ထောင် ဆောင်ရွက်ရာမှာ   အထောက်အကူဖြစ် စေရန်အတွက်  ရင်းနှီးမြှုပ်နှံမှုကုန်ကျ စရိတ်သက်သာစေရန်  အသုံးပြုနိုင်ပြီး ပြုပြင်ထားခြင်းမရှိသော  တစ်ပတ်ရစ် စက်ပစ္စည်း(Used Machine) များကို ၂၀၁၅ ခုနှစ်  ဇန်နဝါရီ   ၁ ရက်မှ ဒီဇင်ဘာ၃၁ ရက်ထိ    ပထမစမ်းသပ် ကာလအဖြစ် တင်သွင်းခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ယခု  ဒုတိယနှစ်အဖြစ် ၂၀၁၆ ခုနှစ်  ဒီဇင်ဘာလ   ၃၁ ရက် အထိ  ဆက်လက်၍တင်သွင်းခွင့်ပြုလိုက် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊     ဝန်ကြီးရုံးမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် ရက်စွဲပါ  အမိန့်ကြော်ငြာစာအမှတ် ၁၀/၂၀၁၆နှင့်  ထုတ်ပြန်ထားပါတယ်။အသုံးပြုပြီး  စက်ပစ္စည်းများ တင်သွင်း ခွင့်ပြုတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို နှစ်စဉ် ပြန်လည်သုံးသပ်ထုတ်ပြန်ပေးသွားမယ်လို့လည်း  အမိန့်ကြော်ငြာစာ မှာ  ဖော်ပြထားပါတယ်။အသုံးပြုပြီး   စက်ပစ္စည်းများ တင်သွင်းခြင်းကို   ပင်လယ်ရေကြောင်း မှသာ  ခွင့်ပြုမည်ဖြစ်ပြီး   အသုံးပြုပြီး စက်ပစ္စည်း  (Used Machine)  များကို တင်သွင်းရာမှာ  ပြည်တွင်းတွင် အသုံး မတည့်သည့်  စက်ပစ္စည်းများ  စုပုံနေ ခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း များ  မဖြစ်ပေါ်စေရန်နဲ့  လုပ်ငန်းရှင် များရဲ့ ထုတ်လုပ်မှု စွမ်းရည် တိုးတက် စေရန်တို့အတွက်  သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ နှင့်အညီ  တင်သွင်း ရမှာဖြစ်ပါတယ်။
တင်သွင်းမည့် စက်ပစ္စည်းအား တင်သွင်းခွင့်    လျှောက်ထားရာတွင် စက်ပစ္စည်း၏   စံချိန်စံညွှန်းများကို Brand Name ၊  Capacity  ထုတ်လုပ် သည့်ခုနှစ် (Model Year) ၊ ထုတ်လုပ် သည့်နိုင်ငံ    (Country of Origin)၊ စက်၏ သုံးစွဲသည့် စွမ်းအင်/လောင်စာ (လျှပ်စစ်၊ရေနွေးငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့သုံး)   အသုံးပြုပြီး သည့်ခုနှစ်   ၁၀ နှစ်ထက်   မပိုသော စက်ပစ္စည်းဖြစ်ရမည်။    အသုံးပြုနိုင် သည့်  စက်အရည်အသွေးသည်  နည်း ပညာ ၇၀ ရာခိုင်နှုန်းထက်မနည်းသော အရည်အသွေးရှိရမည်။  အသုံးပြုပြီး စက်ပစ္စည်းတင်သွင်းရန်အတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန၏  ထောက်ခံချက်ပါရှိရမည်။ အသုံးပြုပြီး  စက်ပစ္စည်းများတင်သွင်း လာပါက  ပြည်ပနိုင်ငံတွင်Pre insp - ection Certificate နှင့်ပတ်သက်၍ Running Conditionတင်ပြရ မည်။ စက်မှု ဖွံ့ဖြိုးပြီးသည့်နိုင်ငံမှ  နည်းပညာဖြင့် ထုတ်လုပ်သော  စက်ပစ္စည်းဖြစ်ရမည်။ လိုအပ်ပါက တင်သွင်းလာသော အသုံး ပြုပြီး  စက်ပစ္စည်းများအား  လျှောက် ထားချက်နှင့်ကိုက်ညီမှုရှိ/မရှိ စက်မှု ကြီးကြပ်ရေးနှင့်  စစ်ဆေး ရေးဦးစီးဌာန မှ စစ်ဆေးမှုခံယူရမည်။  စတဲ့ အချက် များ အညီ လျှောက်ထားရမှာ ဖြစ်တယ် လို့ သိရှိရပါ တယ်။                  

 MIRT