အများပြည်သူအကျိုးငှာ ဆက်သွယ်သတင်းပေးနိုင်သော FDA ၏ဖုန်းနံပါတ်များအား အသိပေးကြေညာ

Fri, 11/06/2015 - 10:25 -- admin_ygn

စားသုံးသူပြည်သူများအနေနဲ့ အစားအသောက် ၊ ဆေးဝါးနဲ့ အလှကုန်ပစ္စည်းများဆိုင်ရာ ကိစ္စရပ်များအတွက် မေးမြန်း စုံစမ်းရန်၊မိမိတို့ပတ်ဝန်းကျင်၌ သံသယရှိသော ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအသောက်၊ဆေးဝါးနဲ့ အလှကုန်ပစ္စည်း များထုတ်လုပ်ရောင်းချခြင်း၊ဖြန့်ဖြူးခြင်းနဲ့ ပြည်သူများအကြားဝယ်ယူသုံးစွဲရန် နည်းမျိုးစုံနဲ့လိုက်လံစည်းရုံးခြင်း ၊ကြော်ငြာ ခြင်း နဲ့ စပ်လျဉ်းပြီး သတင်းပေးလိုပါက  သတင်းပေးတိုင်ကြားရမယ့်ဖုန်းနံပါတ်နဲ့gmail account  များကို ကျန်းမာရေးဝန်ကြီး ဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နေပြည်တော်က ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ကျန်းမာရေးဖွံ့ဖြိုး တိုးတက်စေရန်၊ ပြည်သူ များဘေးကင်းလုံခြုံစိတ်ချစွာ ဝယ်ယူစားသောက်သုံးစွဲစေရန် ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့ ကာကွယ် ထိန်းချုပ်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။
ဆက်သွယ်သတင်းပို့ရမယ့် ဖုန်းနံပါတ်များနဲ့gmail account   များကို ဖော်ပြပေးလိုက်ရပါတယ်-

ဒေါက်တာထွန်းဇော်        ညွှန်ကြားရေးမှူး        အစားအသောက်ဌာနခွဲ    ၀၆၇-၄၀၃၁၆၇
ဒေါက်တာသိင်္ဂီဇင်          ညွှန်ကြားရေးမှူး        ဆေးဝါးဌာနခွဲ        ၀၆၇-၄၀၃၀၉၁
ဒေါက်တာဒေါ်ခင်ချစ်       ညွှန်ကြားရေးမှူး        ဓါတ်ခွဲဌာနခွဲ        ၀၆၇-၄၀၃၂၄၂
ဒေါက်တာသဇင်ရီလှိုင်    ညွှန်ကြားရေးမှူး        အလှကုန်/ဆေးပစ္စည်းဌာနခွဲ    ၀၆၇-၄၀၃၄၈ / ၀၆၇-၄၀၃၂၄၂
ဒေါက်တာဇင်ဇင်နွယ်        ညွှန်ကြားရေးမှူး        ရန်ကုန်တိုင်းဒေသကြီး    ၀၁-၃၇၇၀၂၉
ဒေါက်တာဒေါ်ခင်စောလှ    ညွှန်ကြားရေးမှူး        မန္တလေးတိုင်းဒေသကြီး    ၀၂-၆၂၁၁၈၀၉၆၅၀၀၂၈၅
ဒေါက်တာထွန်းလင်းအောင်  လ/ထညွှန်ကြားရေးမှူး    စီမံရေးရာဌာနခွဲ        ၀၆၇-၄၀၃၆၀၉
ဒေါက်တာဥက္ကာဖြိုး             ဦးစီးအရာရှိ        စီမံရေးရာဌာနခွဲ        [email protected]
 ဒေါက်တာရန်လင်းမောင်    ဦးစီးအရာရှိ        စီမံရေးရာဌာနခွဲ                 
ဒေါက်တာမိုးမြင့်ဟိန်း        ဦးစီးအရာရှိ        စီမံရေးရာဌာနခွဲ

MIRT