သီတင်းကျွတ်ပွဲတော်ကာလ ကားဈေးကွက်အရောင်းအေးနေ

Wed, 11/11/2015 - 13:48 -- admin_ygn

သီတင်းကျွတ်အပြီး နိုဝင်ဘာလဆန်းပိုင်း ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ ယခင်လဆန်းပိုင်း၊ လွန်ခဲ့ သည့် ရက်သတ္တပတ် အခြေအနေများထက်ပင် ပိုမိုအေးစက်လာကြောင်း သိရသည်။ယခင်လရက်သတ္တပတ်များက အရောင်းအဝယ်ရှိခဲ့သော စလစ်ကပ်ကားများနှင့်ဖရီးပါမစ်ကားအချို့လည်း အောက်တိုဘာလ ကုန်ခါနီးကာလများ တွင် ပြည်ပမှကြား သိရသော သတင်းများကြောင့် စလစ်ဈေးတန်း ပြန်ကျသွားသော်လည်း တစ် သိန်း နှစ်သိန်းဝန်းကျင်သာဖြစ်ကြောင်းသိရပြီး အရောင်းအဝယ်အေးသည့်ကြားမှ စလစ်ကပ်ကား တိုယိုတာဝှစ်၊ မတ်(ခ်) တူး၊ ကရောင်းစသည့်ကားများ အဝယ်ရှိနေကြောင်း၊ သို့သော်ဆယ်ဂဏန်းကျော်ကျော် ပင်ဖြစ်ကြောင်း သိရသည်။    ကားပါကင်ဈေးတန်းမှာမူ ယခင်ပတ်များနည်းတူပင် ၈/၉/၁၀ သိန်း အတက်အကျပြေးနေကာ ဖရီးပါမစ်ကားဆိုလျှင် လတ်တလော အမှန်လိုအပ်သူသာ ဝယ်ယူကြပြီး ဝယ်ယူကြလျှင်လည်း နံပါတ်ထွက်ပြီး ကားများသာ အများဆုံးဝယ်ယူကြ ကြောင်း သိရသည်။ကားအရောင်းစင်တာများနှင့်ကားပွဲစား တန်းများ တွင်ပါ ဖရီးပါမစ်ကားလေးများ ယခုလဆန်းပိုင်းကာလ တွင် အမေးနည်းလာရာမှ အမေးမရှိဖြစ်လာကြောင်း၊ယင်းသို့ဖြစ်ရခြင်း မှာ ကားပါကင်ဈေးနှုန်းကြီးမြင့်နေ မှု၊ နံပါတ်အနက် ကိုယ်ပိုင်စီးကားများ အနီနံပါတ်ပြောင်းလဲခွင့်ပိတ်ထားခြင်းကြောင့်လည်းပါကြောင်း စသည်ဖြင့် ဝါရင့်ဝယ်ရောင်းအကျိုးဆောင် ကိုမြင့်ကျော်က ပြောသည်။သို့ရာတွင် ရွေးကောက်ပွဲပြီးကာလအကျော် ဒီဇင်ဘာလအတွင်းကားတင်သွင်းခွင့်မူဝါဒများ အပြောင်းအလဲရှိလာလျှင် ကားဈေးကွက်အခြေအနေကောင်းမွန် လာနိုင်သည် ဟုမျှော်မှန်းပြီး ယာဉ်ဟောင်းအပ်နှံစလစ်  လက်ထဲကိုင်ထားသူများလည်း ရေရှည်မစောင့်နိုင်သဖြင့် ကျဈေးအနည်းငယ်ဖြင့် ရောင်းချမှုများရှိလာနိုင်သဖြင့်လူ သုံးများ သည့်စလစ်ကပ်ကားများ ရက်ပိုင်း အတွင်း အမေးမြန်းရှိလာကြကြောင်းသိရပြီး ဖရီးပါမစ်ကားလေးများထဲမှ လုပ်ငန်းသုံး၊ လုပ်ငန်းခိုင်းသည့် အေဒီဗင်၊ ပရိုဘောက်တို့မှလွဲ၍ကျန်လူကြိုက် များ ကားငယ်များဖြစ်သော ဟွန်ဒါဖစ်၊ ဒီမီယို၊ ဘယ်(လ်)တာစသည်တို့မှနံပါတ်ထွက်ပြီး ကားများနှင့် အက္ခရာတစ်တန်း၊ နှစ်တန်းနိမ့်ကားများ သူဈေးနှင့်သူ အရောင်းအဝယ်ရှိနေကြောင်း ၎င်းကပြောသည်။

SN

 

Local Trade News

Pages