လပွတ္တာမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ပညာပေးဟောပြောပွဲကျင်းပ

Fri, 02/05/2016 - 03:48 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်မှ ကျင်းပပြုလုပ်တဲ့ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာပညာပေးဟောပြောပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် နံနက် က လပွတ္တာမြို့နယ် အမှတ် (၃) ရပ်ကွက် အထက်တန်းကျောင်း တွင်ကျင်းပ ပြုလုပ်ခဲ့ပါတယ်။အဆိုပါဟောပြောပွဲတွင် မြောင်းမြခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူးဦးဇော်မင်းက အဖွင့်အမှာစကားပြောကြား ရာတွင် ဟောပြော ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ဌာနကဆောင်ရွက်နေတဲ့ပညာပေးဟောပြောပွဲများ၊ စားသုံးသူရေးရာဥပဒေများကိုလည်းကောင်း၊ လပွတ္တာမြို့နယ်ဦးစီးမှူးဦးအောင်မြင့်ဦးကစားသုံးသူရေးရာအကာအကွယ်ပေးရေးဆိုင်ရာသိကောင်း စရာများကိုလည်းကောင်း၊ လက်ကမ်း စာစောင်များဝေငှပြီး၊ အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားပြီးကျောင်းမုန့်ဈေးတန်းကို လှည့်လည်ကြည့်ရှုခဲ့ပါ တယ်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှခုနစ်ဦး ဆရာ၊ဆရာမ ၃၄ ဦး၊ ကျောင်းမုန့်ဈေးတန်းပိုင်ရှင် ၅ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၄၂၈ ဦး၊ စုစုပေါင်း ၄၇၄ ဦးတက်ရောက် ခဲ့ကြောင်းလည်း သိရှိရပါတယ်။

လှထွဋ်ဦး (မြောင်းမြ)

Local Trade News