ရခိုင်ပြည်နယ်မှအဝယ်ရှိပေမယ့် ပြည်မန်ကျည်းမှည့် ဈေးကျကာ အရောင်းအဝယ်ဖြစ်

Wed, 03/09/2016 - 04:26 -- admin_ygn

စားဖိုဆောင် သီးနှံဈေးကွက်မှာ မန်ကျည်းမှည့်အသစ်  ဝင်ရောက်မှုများ လာပြီး ဈေးနှုန်းလည်းအနည်းငယ် ကျ လာတာ တွေ့ရပါတယ်။  ပြည်ဒေသ တွင်းမြို့နယ်များနဲ့ ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်း၊   ဆင်တဲ၊    ထုံးဘို တစ် လျှောက်ရှိ ဒေသတွင်းများမှ  ဈေးကွက် ဝင်လာသဖြင့် တစ်နေ့မန်ကျည်းမှည့် ပိဿာချိန် ၂၅၀၀ ထိ အဝင်ရှိလာပါ တယ်။ ဒေသတွင်း လက်လီအရောင်း ဆိုင်များနဲ့ ရခိုင်ဝယ်လက်တွေ အဝယ် ရှိနေတာကြောင့်     အရောင်းအဝယ် ကတော့   နေ့စဉ်အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ ယခုတစ်ပတ် ရခိုင်သို့ ပိဿာချိန်   ၂၀၀၀ နီးပါး  တင်ပို့မှုရှိ ကြောင်း သိရပါတယ်။ အဝင်များလာတဲ့ မန်ကျည်းမှည့်ဈေး    တစ်ပိဿာလျှင် (အစေ့ပါ) ၇၀၀ ကျပ်၊ (အစေ့လွတ်) တစ်ပိဿာ ၁၃၀၀ ကျပ်သို့ လက်ကား ဈေး အရောင်းအဝယ်ဖြစ်ပြီး လက်လီ တစ်ပိဿာလျှင် (အစေ့ပါ) ၉၀၀ ကျပ် တို့နဲ့ (အစေ့လွတ်) ၁၅၀၀ ကျပ်တို့ဖြစ်ပြီး ဈေးကျလာပြီး  အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။       

     နီနီဝင်း-ပြည်

 

Local Trade News

Pages