ရက်သတ္တပတ်အတွင်း ဆန်တန်ချိန် တစ်သောင်းရှစ်ထောင်ကျော် တင်ပို့

Wed, 06/01/2016 - 06:21 -- admin_ygn

မေ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၂၂ တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ယူအေအီးနဲ့  အီးယူနိုင်ငံများကိုသာ တင်ပို့မှု ရှိခဲ့ ပါတယ်။ ယူအေအီးနိုင်ငံများသို့  ဧည့်မထဆန် တန် ၅၀ တင်ပို့ပြီး  အီးယူနိုင်ငံများဖြစ်တဲ့ ယူနိုက်တက်ကင်းဒမ်းသို့ ဧည့်မထ ဆန် တန် ၆၅၀ ၊ အီတလီနိုင်ငံသို့ ဧည့်မထ ၇၂ တန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဧည့်မထ ဆန် တန် ၂၅၀ တင်ပို့ခဲ့တာဖြစ် ပါတယ်။ ယခင်တစ်ပတ်  တင်ပို့မှုထက် ၇၉၃ တန်ခန့် လျော့နည်းခဲ့ပါတယ်။ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ ယခု တစ်ပတ်ဆန်ကွဲ တင်ပို့မှု မရှိခဲ့ပါဘူး။ကုန်သွယ်ရေးစခန်းများမှ မေ ၁၄ ရက်မှ ၂၀ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ ၆ ဒသမ ၃၄၀ သန်းဖိုးရှိ ဆန် ၁၇၃၀၈ တန် တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက်တင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၉၁၄၆ တန်နဲ့ ဧည့်မထဆန် တန် ၂၁၀၀၊ လွယ်ဂျယ်ကုန် သွယ်ရေး စခန်းမှ ငစိန်ဆန် ၅၇၁၈ တန်၊  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၄၄ တန် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်တင်ပို့မှုထက် ၃၃၇၇ တန် ပိုမိုခဲ့ပါတယ်။ ယခုတစ်ပတ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၃၀၄ သန်းဖိုးရှိ ဆန်ကွဲ တန် ၄၀၀၀ ကို မူဆယ်မှ ၃၈၆၉ တန်၊ လွယ်ဂျယ်မှ ၆၅ တန်၊ ချင်းရွှေ ဟော်မှ ၆၆တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် ၁၂၃၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Local Trade News

Pages