ယင်းမာပင်ခရိုင်တွင်ဝါဂွမ်းဈေးကောင်း ရလျက်ရှိ

Tue, 03/08/2016 - 09:22 -- admin_ygn

ယင်းမာပင်ခရိုင်မှာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက် ရှိသည့်အပြင် စက်မှုကုန်ကြမ်း သီးနှံ ဖြစ်သော ဝါများကိုလည်း စိုက်ပျိုးလျက် ရှိပါတယ်။ခရိုင်တစ်ခုလုံး ဝါစိုက်ဧက ၂၁၂၀၄ ဧကရှိပြီး စိုက်ပျိုးတဲ့ မျိုးများ ကတော့ ရွှေတောင် (၈)၊ ငွေချည်(၆)၊ အိန္ဒိယဝါမျိုး RAK တို့ဖြစ်ကြပါတယ်။ဝါတစ်ဧကကို ပျမ်းမျှပိဿာချိန် ၇၀၀ ထွက်ရှိပြီး ဝါကောက်ခ တစ်ပိဿာ ၂၀၀ ကျပ်ဖြစ်ရာ လူတစ်ဦး ဝါပိဿာ ချိန် ၂၀ မှ ၃၀ ပိဿာအထိ ကောက်နိုင် သဖြင့်အလုပ် သမားတစ်ယောက်ရဲ့ ဝင်ငွေဟာလည်း တစ်နေ့ ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ရရှိနိုင်ပါတယ်။ ဝါတစ်ပိဿာလျှင် ၁၁၅၀ ကျပ်ဈေးရှိ သဖြင့် တစ်ဧက ဝင်ငွေ ကျပ်ရှစ်သိန်း ကျော်ရရှိပါတယ်။ ယခင်နှစ်က ဝါတစ် ပိဿာရဲ့ တန်ဖိုးမှာ ၁၀၀၀ ကျပ်သာရှိခဲ့ တဲ့အတွက် ယခုနှစ်မှာ ဝါဈေးကောင်း ရလျက်ရှိနေကြောင်း ဝါစိုက်တောင်သူတစ်ဦးမှ ပြောပြခဲ့ပါတယ်။

သန်းပို - ယင်းမာပင်

 

Local Trade News

Pages