ယခုတစ်ပတ် ဆန်ဈေးကွက်သစ်အဖြစ် တိုဂိုနိုင်ငံသို့ တင်ပို့

Tue, 03/07/2017 - 07:08 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်   ကုန်သွယ် ရေးဇုန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းနဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ  ၁၈ ရက်မှ ၂၄ ရက် အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၂၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၄၈၆၇ကို  တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၈၀၆ တန် ကျော်၊ ဧည့်မထဆန် ၁၂၂၀၀ တန်နီးပါး၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၈၃ တန်ခန့်နဲ့ ဧည့်မထဆန် ၄၂၃ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၁၃၅၅ တန်တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်တန်ချိန် ၂၄၆၉၉ တန်ကျော် တင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ်မှာ ၁၆၈ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။
ယခုတစ်ပတ်မှာ ကုန်သွယ်ရေးစခန်းများမှ  ဆန်တင်ပို့ မှုပိုမိုသော်လည်း ဆန်ကွဲ တင်ပို့မှုလျော့ကျခဲ့ပါတယ်။  အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၁၈၉ သန်းတန်ဖိုးရှိ ဆန်ကွဲ ၄၈၅၉တန် ကျော် တင်ပို့ခဲ့တဲ့အနက် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ၂၃၄၃ တန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ၂၄၃၃ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ၈၃ တန်ကျော်  တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ၅၂၆၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၄၀၈တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ  ဖေဖော်ဝါရီ ၁၉ရက်မှ ၂၅ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄ ဒသမ ၄၉၅ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၁၅၁၅၅တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မလေးရှား နိုင်ငံသို့ ဧည့်မထဆန်တန် ၂၄၀၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မထ ဆန်၆၄၂၅တန်၊ရုရှားနိုင်ငံသို့ဧည့်မထဆန် ၁၇၅ တန်၊ တရုတ် နိုင်ငံသို့ ဧည့်မထဆန်တန်၁၀၀၀၊အီးယူနိုင်ငံများသို့ဧည့်မထ ဆန် ၉၄၁ တန်နဲ့ပေါင်းဆန်   ၁၂၃၇ တန်၊ ဂျပန်နိုင်ငံသို့ ဧည့်မထဆန်တန် ၅၀၀၊တိုဂိုနိုင်ငံသို့ဧည့်မထဆန် တန်၁၅၀၀၊ စင်ကာပူနိုင်ငံသို့  ဧည့်မထဆန် ၃၁၃၇ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၅၈၉၇၁ တန်တင်ပို့ခဲ့တဲ့အတွက် ယခု တစ် ပတ်မှာ ဆန်တင်ပို့မှု ၄၃၈၁၆ တန်   လျော့နည်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဈေးကွက်သစ်အဖြစ် တိုဂိုနိုင်ငံကို  တိုးချဲ့တင်ပို့ နိုင်ခဲ့ပါတယ်။
ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း   ယခုတစ်ပတ်တွင် ဆန်ကွဲ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၂၃၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၈၄၇၅ တန် တင်ပို့ခဲ့ရာ စင်ကာပူနိုင်ငံသို့ တန် ၁၀၀နဲ့ ဘယ်လ်ဂျီယံ နိုင်ငံသို့၈၃၇၅တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်ကဆန်ကွဲ  ၅၉၇၅ တန်ဖြစ်တဲ့အတွက်  ယခုတစ်ပတ်မှာ တန် ၂၅၀၀ ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။
                                           
 ယဉ်ယဉ်အေး