မြေပဲစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Wed, 06/12/2024 - 03:19 -- mocadmin

   မွန်ပြည်နယ်၌ မြေပဲကို သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ လယ်ကွက်များနှင့် ကုန်းမြေမြင့် များတွင် စိုက်ပျိုးလေ့ရှိပြီး မိုးမြေပဲ(မိုးစိုက်)နှင့် ဆောင်းမြေပဲ(ဆောင်းစိုက်)ဟူ၍ စိုက်ပျိုးကြပြီး မိုးမြေပဲကို ကုန်းမြေအမြင့်များတွင် စိုက်ပျိုးကြပြီး ဆောင်းမြေပဲကို လယ်ကွက်များ၌ စိုက်ပျိုးကြ ကြောင်း သိရသည်။

   မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မြေပဲစိုက်ဧကစုစုပေါင်း ၂၀၀၄၈ ဧကရှိပြီး စိုက် ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်တစ်ဧကလျှင် ၆၂.၀၉ တင်းနှုန်းဖြင့် အထွက် တင်းပေါင်း ၁၂၄၄၇၈၁ တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မြေပဲစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင် စုစုပေါင်းငွေကျပ် ၇၇၅,၀၀၀ ကျပ် ကုန်ကျပြီး ဈေးကွက်အနေဖြင့် မွန်ပြည်နယ်ဒေသတွင်း ဆီကြိတ်ခွဲရောင်းချမှုနှင့် မုန့်ပဲသရေစာထုတ်လုပ်သည့် လုပ်ငန်းများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မွန်)