မြန်မာ့မီးရထားရုံးချုပ်နေရာဟောင်းအား ရိုးမကုမ္ပဏီက နှစ် ၅၀ သက်တမ်းရှိ အငှားစာချုပ်ဖြင့် လုပ်ကိုင်ရန် လက်မှတ်ရေးထိုး

Mon, 01/11/2016 - 08:35 -- admin_ygn

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ  မြန်မာ့မီးရထားရုံးချုပ်နေရာဟောင်းအား Yoma Strategic Holding Ltd က ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် နှစ် ငါးဆယ်သက်တမ်းရှိ သည့် သက်တမ်းတိုးစာချုပ်ကို ဇန်နဝါရီ ၄ ရက်က လက်မှတ်ရေးထိုး ခဲ့ကြောင်း ရိုးမကုမ္ပဏီလီမိတက်၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။စာချုပ်သက်တမ်းမှာ  ၁၉၉၈ ခုနှစ် ဇန်နဝါရီ လမှစတင်ကာနှစ်၅၀အငှားစာချုပ်ဖြစ်ပြီးသဘောတူညီချက် ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် Yoma Strategic Holdin Ltd.တို့ နှစ်ဦးသဘောတူချုပ်ဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။Yoma Strategic Holding Ltd. အနေဖြင့်မီးရထားအဆောက်အအုံဟောင်းကို Yangon Peninsulaဟိုတယ်အဖြစ်လည်းကောင်း၊ ကျန်နေရာများတွင်ဇိမ်ခံလူနေအဆောက် အအုံများနဲ့စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက်အကြီးစား စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက်မြေအငှားစာချုပ်ချုပ်ဆိုကာလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမြန်မာ့မီးရထားရုံးဟောင်းအဆောက်အအုံတည်ရှိရာနေရာသည် ကြမ်းခင်းဧရိယာစတုရန်းပေနှစ်သန်းအကျယ်အဝန်းရှိသည့် မြေနေရာတွင်၁၀ဧကအကျယ်အဝန်းရှိသည့် စီမံကိန်းများကိုအကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရ သည်၊အဆိုပါစီမံကိန်းကို၉ဒသမ၅ဧကကျယ်ဝန်းသောမြေနေရာအမှတ်၁နှင့် သုညဒသမ၅ဧကကျယ်သောမြေနေရာအမှတ်၂ တို့ပေ ါ်တွင် အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ ရိုးမအုပ်စုနှင့်ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့ချုပ်ဆိုသော မူဘောင်သဘောတူညီချက်တွင်ပါဝင် သည့် အချက် အချို့မှာမြေနေရာ၁အတွက်၁၉၉၈ခုနှစ် ဇန်နဝါရီ၁ရက်မှ စတင်သည့်နှစ်၅၀ကနဦးမြေငှားရမ်းခြင်းသက်တမ်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီမြေငှားသက်တမ်းတိုးခွင့် ၊မြေနေရာ၂အတွက် ၁၉၉၈ခုနှစ်ဇန်နဝါရီ၁ရက်မှစတင် သည့်နှစ်၅၀ကနဦးမြေငှားရမ်းခြင်းကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ဖြင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီမြေငှားသက်တမ်းတိုးခွင့်၊ မြေနေရာ၁နှင့်၂ငှားရမ်းခွင့်ကိုပေါင်းစပ်ပြီးကနဦးမြေငှားရမ်းခြင်းသဘောတူညီချက်စာချုပ်ကိုချုပ်ဆိုသွားမည်ဖြစ်ပြီးအဆိုပါစာချုပ်ကိုမြေငှားစာချုပ်နှစ်ခုအဖြစ်ခွဲကာအပြည်ပြည်ဆိုင်ရာကြယ်ငါးပွင့်ဟိုတယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက်မြေငှားစာချုပ်တစ်ခုနှင့်ကျန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏သဘောတူညီချက်ရယူ၍ဆက်လက်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်းYoma Strategic Holding Ltd.၏သတင်းထုတ်ပြန်ချက်  များအရ သိရသည်။အဆိုပါစီမံကိန်းများအတွက်Yoma Strategic Holding Ltd.အနေဖြင့်Hong kong And Shanghai Hotels တို့နှင့် ပူးပေါင်း၍၂၀၁၄ခုနှစ်မတ်လမှစတင်ကာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ယင်းကဲ့သို့လက်မှတ်ရေးထိုးနိုင်ခဲ့မှုအတွက်Yoma Strategic ၏အမှုဆောင် အရာရှိ ချုပ်ဖြစ်သူ Mr.Meluyn Pun က ''အခုလို နှစ်ရှည်မြေငှားစာချုပ်ကိုလက်မှတ်ရေးထိုးနိုင် ခဲ့တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ီစီမံကိန်းကြီးဟာ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာကြီး တစ်ခု မှာအခုလိုစီမံကိန်းကြီးတစ်ခုကိုလုပ်ဆောင်ခွင့်ရတဲ့အတွက်လည်းအ လွန်ကိုဝမ်းမြောက်ဂုဏ်ယူမိပါတယ်''ဟု ပြောကြားခဲ့သည်။

မယ်သီတာ