မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ကျဆင်း၍ အရောင်းအဝယ်ဖြစ်

Thu, 07/04/2024 - 09:48 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေ ရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိုးဦးရာသီတွင် ကွမ်းအထွက်နှုန်းများတိုးကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများပြားသည့်အတွက် ကွမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)