မိုးစပါးရိတ်သိမ်းပြီး ရာသီဂန္ဓမာပန်းကို တောင်သူများတိုးချဲ့စိုက်ပျိုးလာ

Fri, 01/15/2016 - 06:59 -- admin_ygn

 အင်းတော်မြို့နယ်မော်လူးဒေသ ပဲခူးကျေးရွာမှာ မိုး စပါးစိုက်ပျိုးပြီး လယ်ကွက်ထဲမှာ ရာသီဂန္ဓမာပန်းများ စိုက်ပျိုး လာကြပါတယ်။ အင်းတော်၊ ဗန်းမောက်၊  ကချင်ပြည်နယ်မိုးညှင်း၊ မိုးကောင်း မြို့နယ်မှ ဈေးကွက်အဝယ်ရှိလို့ အကျိုး အမြတ်ရှိကြပြီး ပန်းစိုက်တောင်သူများ တိုးချဲ့စိုက်ပျိုးလာ တာကို တွေ့ရပါတယ်။ဂန္ဓမာပန်းမျိုးကို  မေမြို့အနီးစခန်းမှာ   ငွေလွှဲမှာယူပါ တယ်။ အပင်သားစို့  ပျိုးပင်တစ်ပင်ကို အမျိုးအစား အလိုက် ခုနစ်ကျပ်မှ နှစ်ဆယ်အထိပေးရပါတယ်။ ဘောင်ဖော်ပြီး စိုက် ရတာပါ၊ ရေကြိုက်ပေမယ့် ရေဝပ်တာ မကြိုက်ပါဘူး၊ ရွက် ဖျန်း အားဆေး၊ မှိုသတ်ဆေး၊ အပင်အားဆေးများ ကျွေးရပါ တယ်။ တစ်ဧကစိုက်ပျိုးပါက အပင်ခြောက်သောင်းစိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ် ကျပ်ရှစ်သိန်းခန့်ရှိပါတယ်။ စိုက်ပျိုးပြီးသုံးလအကြာ မှာ ဈေးကွက်ဝင် ဂန္ဓမာပန်းများရပါပြီ၊ ပန်းပွဲ စားများက ခြံအရောက်လာဝယ်ပါတယ်။ ငါးပင်တစ်စည်းကို ငါးရာကျပ်နဲ့ ရောင်းပါတယ်။ တစ်ဧကဆို အစည်းပျမ်းမျှ ၁၀၀၀ ကျော်ဝင်ငွေ ကျပ် သိန်းငါးဆယ်ကျော်မှာကုန်ကျစရိတ်နှုတ်ပြီး ကျပ်သိန်းလေးဆယ်ကျော်အမြတ်အစွန်းရပါတယ်။ အခုပဲခူး ရွာမှာဂန္ဓမာပန်းစိုက်တောင်သူရှစ်ဦးရှိပြီး အပင်သိန်းချီပြီး စိုက်ပျိုးလာကြပါတယ်။ ပဲခူးရွာ  ဂန္ဓမာပန်းအပင် ငါးသိန်း ကျော်အထိ တိုးချဲ့စိုက်ပျိုး လာကြ ပါတယ်လို့ ပန်းတောင်သူ ဦးဇော်သက်ထူး၊ ဦးကျော်ဇင်ဖြိုးတို့ထံက သိရပါတယ်။ကသာခရိုင်၊ ကသာ၊  ထီးချိုင့်မြို့နယ် များ မှာ ရာသီ ဂန္ဓမာပန်းများ စိုက်ပျိုးပေမယ့် အင်းတော်မြို့နယ်မှာ စိုက် ပျိုးမှုနည်းပါတယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ကြောင့်လို့ဆိုကြပါတယ်။ ယနေ့လမ်းပန်းဆက်သွယ်ေ ရး ကောင်းမွန်လာတဲ့အတွက် ဈေးကွက်သို့နေ့ခြင်းရောက်ပြီး ပန်းစိုက်တောင်သူများ အဆင်ပြေကာ တိုးချဲ့စိုက်ပျိုးလာကြ တယ်လို့ သိရပါတယ်။

ကြည်နိုင်ဦး -အင်းတော်

 

Local Trade News

Pages