မန္တလေးမြို့တွင် စတုတ္ထအကြိမ်မြောက် မြန်မာ့သရက်ပွဲတော်၊ မြန်မာ့လက်ဖက်ပွဲတော်နှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်ပြပွဲကျင်းပ

Tue, 05/23/2017 - 04:46 -- admin_ygn

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက စတုတ္ထအကြိမ်မြောက်   မြန်မာ့သရက်ပွဲတော်၊ မြန်မာ့လက်ဖက်ပွဲတော်နှင့် စိုက်ပျိုးရေးဆိုင်ရာကုန်စည်ပြပွဲ (၂၀၁၇) ကို မန္တလေး မြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၆၈ လမ်းကြားရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းတွင် မေလ ၂၀ ရက်မှ ၂၂ ရက်ထိ ကျင်းပခဲ့ကြောင်းသိရှိရသည်။  အဆိုပါပြပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ပြခန်းများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CCPIA (China Crop Protection Industry Association)မှ မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးကုမ္ပဏီတို့မှ ပြခန်းများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)  နှင့် ညီနောင်အသင်းများမှ ပြခန်းများ ပါဝင်ပြသခဲ့သည့်အပြင် သရက်သီးနှင့် သရက်သီးValue-Added  ထုတ် ကုန်များ၊ လက်ဖက်၊ ကော်ဖီအရောင်းပြခန်းများ၊ စားသောက်ကုန်များဖြစ်သည့် ထိုးမုန့်၊ လမုန့်နှင့် ကိတ်မုန့်အရောင်းပြခန်းများ၊ အခန်းပေါင်း ၈၄ ခန်းခန့် ပါဝင်ပြသ ခဲ့ကြောင်း သိရှိရပါသည်။ထို့ပြင် Myanmar Agro Chemical Regristration နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ သရက်စိုက်ပျိုးခြင်းနှင့် ပိုးသတ်ဆေးသုံးစွဲခြင်း၊ မြန်မာ့ဓလေ့ ကွမ်း၊ဆေး၊ လက်ဖက်အကြောင်း၊ သစ်သီးဝလံ ပို့ကုန်မြင့်တင်ရေးနှင့် ဈေးကွက်အလား အလာစသည့်စာတမ်းများကို ဖတ်ကြားခဲ့ပြီး သရက်ကိုင်းကူးဆက်ခြင်း သင်တန်းနှင့် လက်တွေ့ပြသခြင်းတို့ပါဝင်ပြသခဲ့ကြောင်းသတင်းရရှိသည်။သက်သက်နိုင်(မန္တလေး)