မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးဆက်လက်တက်ရိပ်ပြ

Thu, 07/21/2016 - 06:43 -- admin_ygn

ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက် တက်ရိပ်ပြနေပြီး ယခင်တစ်ပတ်က တစ်ပိသာ ၂၃၇၅ ကျပ်ရှိခဲ့ ရာက ယခုတစ်ပတ်မှာ တစ်ပိဿာ ၂၃၉၀ကျပ် (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်)နဲ့ဈေးနဲ့အဝယ် ဖွင့်ပြီး  တစ်ပတ် အတွင်း အိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ နှမ်းမျိုးစုံ အနေနဲ့ နှမ်းနက် စမုံနဲ့ နှမ်းဖြူဈေးအနည်းငယ် တက်ခဲ့ပြီး နှမ်းနီ ဈေးအနည်းငယ်ကျခဲ့ပါတယ်။ယခုတစ်ပတ်မှာ နှမ်းဖြူဈေး တစ်ပိသာ ၂၀၉၀ ကျပ်၊ နှမ်းနီ တစ်ပိသာ ၁၉၁၀ ကျပ်၊ နှမ်းနက် စမုံ တစ်ပိသာ ၃၄၂၀ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိခဲ့ပြီး တစ်ပတ် အတွင်း နှမ်းမျိုးစုံ အိတ် ၇၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။