ဘိုကိတ်ပဲအသစ်များလက်လီ/လက်ကားအရောင်းအဝယ်ဖြစ်လျက်ရှိ

Thu, 02/15/2024 - 03:56 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အနီးပတ်ဝန်းကျင်ဒေသများမှ ထွက်ရှိသော ဆောင်းပဲသီးနှံ တစ်မျိုးဖြစ်သည့် ဘိုကိတ်ပဲသီးနှံများ ပြည် ပဲဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဘိုကိတ်ပဲ ဝင်ရောက်မှုအနေဖြင့် အိတ်ရေ ၅၀-၁၀၀ အိတ် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီရောင်းဝယ်မှုအပြင် လက်ကားရောင်းဝယ်မှုများလည်း ရှိသည့် အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်ဆန်းပိုင်း တွင် ဘိုကိတ်ပဲ တစ်တင်းလျှင် ၄၁,၀၀ဝိ/- ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီးယခုနှစ်တွင် ပဲတစ်တင်း လျှင် ၇၆,၀၀ဝိ/- ကျပ်မှ ၇၇,၀၀ဝိ/- ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ ဘိုကိတ်ပဲ သီးနှံသည် ပဲအသစ်များ လှိုင်လှိုင်ဝင်ရောက်ချိန်၌ ဈေးကွက်အတွင်း လက်လီ/လက်ကား ရောင်းဝယ်မှု အများ အပြားရှိသော်လည်း ကျန်ကာလများတွင် ပဲများကို သိုလှောင်ခြင်းဖြင့် လက်လီအရောင်းအဝယ် ပုံမှန်ရှိသည့် ပဲသီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

DOCA (ပဲခူး)