ပြည်ပဲစင်းငုံပဲအဝင်လှိုင်လာသလို ဈေးလည်းမြင့်လာခဲ့

Mon, 01/12/2015 - 13:53 -- admin_ygn

   ယခုတစ်ပတ် ပြည်ပဲဈေးကွက်သို့ ပဲစင်းငုံသစ်များ အဝင်များလာပြီး ပေါက်ခေါင်း၊ ပန်းတောင်း၊ ကံမမြို့နယ်များမှ  တစ်ရက်  အိတ် ၄၀၀ ကျော် ၅၀၀ အထိ ဝင်ရောက်ခဲ့ပါတယ်။ ပဲစင်းငုံသစ်များအား ဒေသတွင်းထက် ရန်ကုန်ဝယ်လက် အဝယ်လိုက်လို့ အိတ် ၅၀၀ ကျော် နေ့စဉ်ဝယ်ယူနေသလို ပဲဈေးနှုန်းမှာလည်း ယခင်တစ်ပတ်ထက် တစ်တင်း ၁၅၀၀ ကျပ် ခန့် ဈေးပိုရလို့ တစ်တင်း ၂၅၇၀၀ ကျပ်ထိ ဈေးကောင်းခဲ့ပါတယ်။  ပဲစင်းငုံဈေးမှာ ယခုနှစ် အဖွင့်ဈေးမှာထဲက ဈေးကောင်းရနေပြီး ယခုပဲအဝင်လှိုင်လာချိန်မှာလည်း ဈေးဆက်မြင့် တက်နေလို့ ပဲဈေးကောင်းရမဲ့နှစ်လို့ခန့်မှန်းရပါတယ်။

ခင်ဆွေဝင်း-ပြည်