ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာ

Tue, 03/07/2017 - 08:33 -- admin_ygn

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ဈေးကွက်အတွင်းဝယ်လိုအားနှင့် ရောင်းလိုအားမျှ နေသော်လည်း ငွေလဲနှုန်းများမှာ ကျဆင်းနေသည်ဟုဆိုသည်။
''ပြီးခဲ့တဲ့တစ်ပတ်ကထက် ငွေလဲနှုန်းတွေ ကျဆင်းလာခဲ့ပါတယ်။ ဈေးကွက် ထဲမှာ ရောင်းလိုအားနဲ့ ဝယ်လိုအားမျှနေပေမယ့် ဈေးကကျလာတယ်။ ကမ္ဘာမှာ လည်း အမေရိကန်ဒေါ်လာနဲ့ တခြားငွေကြေးတွေရဲ့လဲလှယ်နှုန်းကလည်း ကျ ဆင်းလာတဲ့အတွက် အခုလိုပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းလာတာပါ''ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသည့် ကိုစိုးတင့်က ပြောကြားခဲ့သည်။
ငွေလဲစင်တာများတွင် ဖေဖော်ဝါရီ ၂၇ ရက်က ရောင်းဈေး ၁၃၆၄ ကျပ်၊ ဝယ်ဈေး ၁၃၆၂ ကျပ်ရှိခဲ့ပြီး မတ် ၁ ရက်တွင် ရောင်းဈေး ၁၃၆၂ ကျပ်၊ ဝယ်ဈေး ကျပ် ၁၃၆၀သို့ကျဆင်းခဲ့သည်။ မတ် ၃ ရက်တွင် ရောင်းဈေး ကျပ် ၁၃၆၀၊ ဝယ် ဈေး ၁၃၅၈ ကျပ်သို့ ဆက်လက်ကျဆင်းခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်ကလည်း ပြည်တွင်းငွေလဲနှုန်းများကို ပြင်ပငွေလဲစင်တာ များမှ သတ်မှတ်သည့်နှုန်းထားများအတိုင်း သတ်မှတ်မည်ဟု ထုတ်ပြန်ကြေညာခဲ့ သည်။                                                         

  မယ်သီတာ

 

Local Trade News