ပြည်စားတော်ပဲသီးနှံ နှစ်စဉ်လိုလိုဈေးကောင်းရလျက်ရှိ

Wed, 01/10/2018 - 09:20 -- admin_ygn

ပြည်ပဲဈေးကွက်အတွင်း လက်လီလက်ကား အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများအနက် စားတော်ပဲသီးနှံဟာ အမြဲလိုလို လက်လီရောင်းဝယ်မှုများတဲ့ ပဲသီးနှံတစ်မျိုးဖြစ်ခဲ့ပြီး ဈေးနှုန်းအရလည်း နှစ်စဉ်ဈေးကောင်းရရှိတဲ့  ပဲသီးနှံ ဖြစ်ခဲ့ပါတယ်။ ယခုနှစ်ဆန်းပိုင်းတွင် ပဲလက်ကျန်ပစ္စည်းရှားလာတဲ့အတွက် အိတ်အနည်းငယ်သာ လက်လီ အရောင်း အဝယ်ဖြစ်ပြီး မင်းတုန်းပဲတစ်တင်းလျှင်ကျပ် ၅၀၀၀၀၊ ကနေဒါပဲတစ်တင်းလျှင် ကျပ် ၃၀၀၀၀ တို့ဖြင့်အမျိုးအစား၊ အရည် အသွေးကွာခြားချက်အရ ဈေးကွာခြားမှုရှိတာကို တွေ့ရပါတယ်။ ယခင်နှစ် နှစ်ကုန်ပိုင်းက  စားတော်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ကျပ် ၃၇၅၀၀ ဖြင့် အခြားလက်လီ ပဲများထက် ဈေးကောင်းခဲ့သလို ယခုနှစ်မှာလည်း အခြားလက်လီပဲများ ထက်ဈေးကောင်းရလျက်ရှိကြောင်း သိရပါတယ်။                                           

     ခင်ဆွေဝင်း

 

Local Trade News

Pages