ပလတ်စတစ်ထုတ်လုပ်တဲ့စက်ပစ္စည်းများ တင်သွင်းခြင်းအပေါ် အိန္ဒိယအစိုးရက တန်ပြန်စုပုံခွန်ကောက်ခံသွားမည်

Wed, 03/30/2016 - 09:05 -- admin_ygn

   ပြည်တွင်းလုပ်ငန်းများကို  အကာအကွယ် ပေးရန်အတွက်   အိန္ဒိယအစိုးရသည်ပလတ်စ တစ်ပစ္စည်းထုတ်လုပ်သော စက်ပစ္စည်းများတရုတ် (တိုင်ပေ)၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်စတဲ့ပြည်ပနိုင်ငံများမှတင်သွင်း မှုအပေါ်တန်ပြန်စုပုံခွန်ကို ၄၄ ဒသမ ၇ ရာခိုင်နှုန်းအထိပြန်လည်ရုပ်သိမ်းခြင်း၊ ထပ်မံအချိန်တိုးခြင်း၊ ပြင်ဆင်ခြင်းတို့မရှိပါကငါးနှစ်ကောက်ခံသွားရန် ပြဋ္ဌာန်းတော့မယ်လို့ မတ် ၁၆ ရက်ကmoneycontrol.com  မှာ ဖော်ပြထားပါ တယ်။ပလတ်စတစ်ပစ္စည်းထုတ်လုပ်တဲ့  မည်သည့် စက်မျိုးကိုမဆို သို့မဟုတ် ပုံစံလောင်းတဲ့ စက်ပစ္စည်းများ (ဖိအားသုံး ပုံလောင်းစက်) အပေါ်ပါ စည်းကြပ်သွားမှာဖြစ်ပါတယ်။  စတင်ပြဋ္ဌာန်းခြင်းကိုနိုင်ငံတော်ပြန်တမ်းမှာ ထည့်သွင်းဖော်ပြသွားမှာဖြစ်ပြီးစတင်ကြေညာသည့်အချိန်မှငါးနှစ်ဆက်တိုက်စည်းကြပ်သွားမှာဖြစ်ပြီး အိန္ဒိယရူပီးနဲ့ပေးဆောင်ရမှာဖြစ်ကြောင်းယစ်မျိုးနဲ့အကောက်ခွန်ဘုတ်အဖွဲ့(CBEC)ပြောပါတယ်။ဒီပလတ်စတစ်ပစ္စည်း များ  ထုတ်လုပ်သောစက်၊ ပုံသွန်းစက်များ ပြည်ပမှ တင်သွင်းခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များရဲ့ လုပ်ဆောင်ချက်များကိုထိခိုက်စေနိုင်တာကြောင့် ယခုကဲ့သို့တန်ပြန်စုပုံခွန်ကိုပြဋ္ဌာန်းရခြင်းဖြစ်တယ်လို့ CBEC ကပြောပါ တယ်။ပြည်တွန်းအခွန်များဦးစီးဌာနက ထုတ် ပြန်ရာမှာ တရုတ်(တိုင်ပေ)မှ တင်သွင်းတဲ့ ပလတ်စတစ်ပစ္စည်း  ထုတ်လုပ်စက်များအပေါ် တန်ပြန်စုပုံခွန် ၂၇ ဒသမ ၉၈ ရာခိုင်နှုန်း၊ မလေး ရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ တင်သွင်းတဲ့  အလား တူ စက်ပစ္စည်းများအပေါ်Safeguard ဂျူတီကို ၄၄ ဒသမ ၇၄  ရာခိုင်နှုန်းနဲ့  ၃၀ ဒသမ ၈၅ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှတင်သွင်းမှုအပေါ် ၂၃ ဒသမ ၁၅ ရာခိုင်နှုန်း  အသီးသီး  စည်းကြပ် သွားမှာဖြစ်ပါတယ်။ တန်ပြန်  စုပုံခွန်စည်းကြပ် ရခြင်းမှာ  မျှတသော ကုန်သွယ်မှုဖြစ်စေရန်နဲ့ ပြည်တွင်းလုပ်ငန်းရှင်များနဲ့တန်းတူညီမျှဖြစ် စေရန်အတွက် ရည်ရွယ်ပြဋ္ဌာန်းရခြင်း ဖြစ်ပါ တယ်။ ပြည်ပမှ တင်သွင်းမှုများကို  ကန့်ကွက်ရန် သို့မဟုတ်  ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက် ခြင်းကို မထိန်းချုပ်နိုင်တဲ့အတွက်  လုပ်ဆောင် ခြင်း မဟုတ်ဘူးလို့   သတင်းမှာဖော်ပြထားပါတယ်။
CMK

Local Trade News

Pages