ပခုက္ကူဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေသော CP ပြောင်းဈေးကွက်

Thu, 07/04/2024 - 09:36 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ပဲစင်းငုံနီ၊ မတ်ပဲ၊ ကုလားပဲနှင့် CP ပြောင်းစသည့် သီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ် နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ မြင်းဝင်း၊ ငကျော်၊ နန်းတော်ရပ်စသည့် ကျေးရွာအုပ်စုများအပြင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော CP ပြောင်းများ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ဇွန်လ၊ နောက်ဆုံးပတ်အတွင်း တစ်ရက်လျှင် CP ပြောင်းအိတ်ရေ ၂၀၀ မှ ၃၀၀ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြန်မာပြည်အောက်ပိုင်း၊ မန္တလေးမြို့နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)