နှမ်းဈေးကျပေမယ့် လှောင်နှမ်းများနဲ့ ပြည်နှမ်းဈေးကွက် အရောင်းအဝယ်ဖြစ်

Fri, 03/31/2017 - 08:31 -- admin_ygn

ပြည်ဈေးကွက်တွင် ယခုတစ်ပတ်နှမ်းနီနှင့်စမုံနက်နှမ်းဈေးပြန်ကျလာပြီး ရိုးရိုးနှမ်းနက် ဈေးငြိမ်နေတာတွေ့ရပါ တယ်။ နှမ်းများဝင်ရောက်မှုမရှိပေမယ့်လည်း ပွဲရုံများမှ ယခင် ဝယ်ယူထားတဲ့နှမ်းများနဲ့သာ  အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ နှမ်းနက်ရိုးရိုးကို မန္တလေးဝယ်လက်များက  ဝယ်ယူမှုရှိသဖြင့် ဈေးငြိမ်နေတာတွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းဈေးမှာ နှမ်းနီသုံးတင်းတစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ ဈေးကျသလို စမုံနက်နှမ်း ဈေးမှာ သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဈေးဖြင့် ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ ခန့်ဈေးကျလာတာတွေ့ရပါ တယ်။ ရိုးရိုးနှမ်းနက်ဈေးမှာ သုံးတင်းတစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ဈေးဖြင့် ယခင်တစ်ပတ် ကအတိုင်း ဈေးငြိမ်နေတာတွေ့ ရပါတယ်။                                                 

          ဝေေ၀မင်း

 

Local Trade News

Pages