နှစ်ကုန်ချိန်မှာဈေးမြင့်ရာမှ နှစ်စတွင်ဈေးအနည်းငယ် ပြန်ကျ လာတဲ့ ပြည် မြေပဲဆန်ဈေးကွက်

Thu, 01/15/2015 - 10:15 -- admin_ygn

   ပြည်ဈေးကွက်သို့ ဇန်နဝါရီ ပထမပတ်တွင် မြေပဲဆန် အဝင်နည်းသွားသော်လည်းဈေးမှာ အနည်းငယ်ပြန်ကျလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဆောင်းပဲများ ခုချိန် တွင် ရာသီကုန်ချိန်ဖြစ်သဖြင့်  တစ်နေ့ကို အဝင် အိတ် ၉၀၀ ခန့်လောက်သာ အဝင်ရှိပြီး ရန်ကုန်ဆီစက်နှင့် မကွေးဆီစက် များက အဝယ်ရှိနေတာ တွေ့ရပါတယ်။ လုံးဆန်ကို မန္တလေးဝယ်လက်များက အဝယ်ရှိနေတာတွေ့ရပါတယ်။ တောင်သူအချို့က ဆောင်းပဲများကို မိုးတွင်းစိုက်ရန်အတွက်မျိုးအဖြစ် ချန်ထားသဖြင့် ဈေးကွက်သို့ အဝင်နည်းသွား တာဖြစ်ပါတယ်။ ယခုအပတ်တွင် မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်အသစ် တစ်ပိဿ     ာကို ၁၈၀၀ ကျပ်နှင့် လုံးဆန်အသစ် တစ်ပိဿ    ာ ကို ၂၂၀၀ ကျပ်ဈေးဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆန်အဟောင်းမှာ ဈေးကွက်ထဲတွင် ပစ္စည်းပြတ်နေတာတွေ့ရပါတယ်။
  မြေပဲဆန်ဈေးကို တစ်နှစ်လုံးစာ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၄ ဇန်နဝါရီလတွင် လုံးဆန်တစ်ပိဿာကို ၁၆၀၀ ကျပ်ဖြင့် ဖေဖော်ဝါရီလအထိဈေးငြိမ်နေပြီး မတ်လတွင် တစ်ပိဿ     ာကို ၁၆၅၀ ကျပ်ဖြင့် စက်တင်ဘာလအထိ ဈေးအနည်းငယ်မြင့်လာပြီး မိုးပဲများကုန်ခါနီးအချိန် အောက်တိုဘာလတွင် တစ်ပိဿ     ာ၂၁၅၀ ကျပ်ဖြင့် ဈေးသိသိသာသာမြင့်လာပြီး နိုဝင် ဘာလတွင် လုံးဆန်ဝယ်လက်များရှိလာသဖြင့် တစ်ပိဿ   ာကို ၂၃၀၀ ကျပ်ထိမြင့်လာပြီး ဆောင်းပဲများပေါ်စ ဒီဇင်ဘာလတွင် မိုးမြေပဲအဟောင်းမှာ တစ်ပိဿ   ာ၂၆၀၀ ကျပ် ထိ ဈေးမြင့်ချိန်တွင် ဆောင်းပဲအသစ်လုံးဆန်ဈေးမှာ တစ်ပိဿ     ာကို  ၂၃၀၀ ကျပ်ဖြင့် နှစ်ကုန်တွင်ဈေးမြင့်နေတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန်ဈေးမှာ ဇန်နဝါရီလတွင် တစ် ပိဿ   ာကို ၁၄၀၀ ကျပ်ဖြင့် ဖေဖော်ဝါရီလအထိ ဈေးဖြစ်နေတာတွေ့ရပါတယ်။ မတ်လတွင် ဆီဆန်ဈေးမှာ တစ်ပိဿ   ာကို ၁၉၀၀ ကျပ်ဖြင့် မိုးမြေပဲပေါ်ချိန်  စက်တင်ဘာလ အထိ ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ အောက်တိုဘာလတွင် မြေပဲဆန်အဝင်များ လှိုင်လာသဖြင့် ဈေးမှာ တစ်ပိဿ   ာကို ၁၈၀၀ ကျပ်ဖြင့် အနည်းငယ်ဈေးကျ လာပြီး၊ နိုဝင်ဘာလတွင် အဝင်နည်းသွားသဖြင့် ဈေးမှာ ၁၉၀၀ ကျပ် ဖြင့် အနည်းငယ်ပြန်တက်လာပြီး ဆောင်းမြေပဲများပေါ်စ ဒီဇင်ဘာလကုန်တွင် မိုးမြေပဲဟောင်းဈေးမှာ  တစ်ပိဿ     ာကို ၂၀၀၀ ကျပ်ထိ ဈေးမြင့်ပြီး ဆီဆန်အသစ်များ တစ်ပိဿ     ာကို ၁၈၀၀ ကျပ်ဖြင့် နှစ်ကုန်မှာဈေးမာနေတာတွေ့ရပါတယ်။

ဝေေ၀မင်း-ပြည်