နွေနှမ်းများ ရိတ်သိမ်းလျက်ရှိပြီး ယခင်နှစ်ထက် စျေးကောင်းရနေ

Wed, 06/19/2024 - 03:55 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ နွေနှမ်းများ စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ကျောက်ဆည်မြို့နယ်၌ ၃၂၂၄၆ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၂၂၉၆၀ ဧက၊ မြစ်သားမြို့နယ်၌ ၃၄၄၂၉ ဧကဖြင့် စုစုပေါင်း ၈၉၆၃၅ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

   နွေနှမ်းကို မတ်လတွင် စတင်စိုက်ပျိုးပြီး ယခုဇွန်လဆန်းမှ စတင်၍ နွေနှမ်းများ ရိတ်သိမ်း လျက်ရှိကြောင်း၊ နွေနှမ်းစိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ၃၅၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀ တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး၊ နွေနှမ်းများ စတင် ထွက်ပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရလျက်ရှိကြောင်း နွေနှမ်းစိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages