နယ်စပ်စခန်းစုံမှ ကြက်သွန်နီရော ကြက်သွန်ဖြူပါတင်ပို့

Fri, 07/28/2017 - 06:58 -- admin_ygn

      ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ  အမေရိကန် ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ ကြက်သွန်နီ ၁၁၃ တန်ကို တရုတ် နိုင်ငံသို့  လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၀၂၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၂၄ တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ပါတယ်။
အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်း မှ အမေရိကန် ဒေါ်လာ ၅၆၂၉ တန်ဖိုး ရှိ ကြက်သွန်ဖြူ ၂၁ တန်ကျော်ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၄၄၃၁ တန်ဖိုးရှိ ကြက်သွန်ဖြူသုံးတန်ကို အိန္ဒိယနိုင်ငံသို့လည်း ကောင်း အသီးသီးတင်ပို့ခဲ့တာ တွေ့ရပါတယ်။
ကြက်သွန်နီကို ရှမ်းပြည်နယ်နဲ့ စလင်း၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ ပခုက္ကူမြို့ တွေမှာ အဓိကစိုက်ပျိုးပြီး တောင်သူတွေလက်ထဲ ကြက်သွန်မရှိတော့တဲ့အချိန်မှ ဈေးစတက် ကြောင်း၊ကြက်သွန်သစ်မပေါ်သေးသရွေ့  ဈေးဆက်လက်တက်နိုင် ကြောင်း ကြက်သွန်ပွဲရုံ ပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။                
  မော်မော်အောင်

Local Trade News

Pages