နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကြက်သွန်နီ ပိုမိုတင်ပို့

Tue, 07/04/2017 - 07:08 -- admin_ygn

            ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၄၉၆ သန်း တန်ဖိုးရှိ  ကြက်သွန်နီ ၁၁၄၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၄၆ တန်နဲ့  နှိုင်းယှဉ်ပါက  ယခုတစ်ပတ်မှာ ၆၉၉ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၇၀၉၂ တန်ဖိုးရှိ  ကြက်သွန်နီ တန်၄၀ကိုလည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၈၃၆၇ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန်ကို လည်းကောင်း ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က မြဝတီမှ တင်ပို့ခဲ့တဲ့ ၂၄ တန်၊ တာချီလိတ်မှ  တင်ပို့ခဲ့တဲ့ ၂၈ တန်တို့နဲ့  နှိုင်းယှဉ်ပါက မြဝတီမှ ၁၆ တန်၊ တာချီလိတ်မှ ၄၇ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ကြက်သွန်နီဈေးမှာ ပြီးခဲ့တဲ့လပိုင်းအထိ တစ်ပိဿာ ကျပ် ၇၀၀၊ ၈၀၀ ရှိရာမှ ယခုရက်ပိုင်းတွင် တစ်ပိဿာ ကျပ် ၁၂၀၀အထိ  ဈေးမြင့်တက်လာကြောင်း၊ ကြက်သွန်နီဈေးမှာ ကြက်သွန်အသစ်ထွက်မှဈေး ပြန် လည်ကျဆင်းလာနိုင်ကြောင်း မင်းဘူးဒေသရှိ ကြက်သွန်စိုက်တောင်သူများထံမှ သတင်း ရရှိပါတယ်။                
                   မော်မော်အောင်

 

Local Trade News

Pages