ဓနုဖြူမြို့နယ် တမြာကျေးရွာအုပ်စု ပေါ်ဦးစုကျေးရွာတွင် ငါးကြီးအံဖတ် စိုက်ပျိုးခြင်းမှ အကျိုးအမြတ်ရရှိ

Wed, 02/21/2018 - 06:38 -- admin_ygn

     မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြစန်းနှင့်   ဝန်ထမ်းများသည် ဖေဖော်ဝါရီ  ၇ ရက်က တမြာကျေးရွာ အုပ်စု၊ ပေါ်ဦးစုကျေးရွာရှိ တောင်သူ ဦးဟန်လင်းမောင်၏ အမယ်သစ်သီးနှံ ငါးကြီးအံဖတ် စိုက်ခင်းသို့ ကွင်းဆင်း လေ့လာခဲ့သည်။ ဓနုဖြူမြို့နယ်၊ တမြာ ကျေးရွာအုပ်စု၊ ပေါ်ဦးစု ကျေးရွာတွင် ငါးကြီးအံဖတ်မျိုး တစ်ပြည်လျှင် တစ်သောင်းနှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးပြီး မြေပြင်ခ၊ မျိုးဖိုး၊ ရေတင်ဆီဖိုးနှင့် သွင်း အားစုဖိုး စုစုပေါင်းကျပ် နှစ်သိန်းရှစ် သောင်း ကုန်ကျမှုရှိကြောင်းနှင့် စိုက်ပျိုး ချိန်မှာ ဆယ်လခန့်ကြာမြင့်ပြီး တစ်ဧက လျှင် ဆယ်တင်းခန့်ထွက်ရှိကြောင်း သိရှိရသည်။ ထွက်ရှိလာသော ငါးကြီး အံဖတ်များကို ဓနုဖြူမြို့ မြို့မဈေး၊ ဘယဆေးဆိုင်၊ အလှကုန်ဆိုင်များနှင့် ရန်ကုန်မြို့ရှိ ကုန်ဈေးတန်းလမ်း ဘယဆေးဆိုင်များသို့ တင်ပို့ရောင်းချ ပြီး တစ်တင်းကို ကျပ်ရှစ်ထောင်ဖြင့် ရောင်းချရသဖြင့် တစ်ဧကဝင်ငွေ ရှစ်သိန်းကျပ် ရရှိကြောင်း လေ့လာသိရှိ ရသည်။ ငါးကြီးအံဖတ်ကို တစ်ဧကစိုက် ပျိုးပါက ကျပ်ငါးသိန်းနှစ်သောင်းခန့် အကျိုးအမြတ်ရရှိသဖြင့် အကျိုးအမြတ် ရှိသည့် စိုက်ပျိုးသင့်သော သီးနှံဖြစ် ကြောင်း လေ့လာသိရှိရပါသည်။
CONSUMER- MT