ထောပတ်သီး၏ အကျိုးကျေးဇူးများနှင့် ဈေးကွက်အလားအလာ

Wed, 01/03/2018 - 09:34 -- admin_ygn

    ထောပတ်သီးသည် လူသားများအတွက် များစွာအကျိုးရှိပြီး၊ကျန်းမာရေးနှင့်ညီညွတ်လိုသူတိုင်း ထောပတ်သီးကို ပုံမှန်စားသုံး ပါက ကျန်းမာရေးဆိုင်ရာအကျိုးအကျေးဇူးများစွာ ရရှိနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့အပြင်GLutatione ဟုခေါ်သည့် အင်တီအောက်စီဒင့် ကြွယ်ဝစွာပါဝင်သည့်အတွက် ထိုပစ္စည်းများ သည် အသက်အရွယ်အိုမင်းရင့်ရော်မှုကို နှေးကွေးအောင် ဖန်တီး နိုင်သော အစွမ်းသတ္တိများရှိကြောင်းကိုပါ တွေ့ရှိရပါသည်။ ကျန်းမာ ရေးအနေဖြင့် များစွာအထောက်အကူဖြစ်စေပြီး နှလုံးရောဂါနှင့် ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်နိုင်သည့် အစွမ်းများစွာရှိ သောသီးနှံတစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ထောပတ်သီး၏ အင်္ဂလိပ်အမည်မှာ Avocado ဖြစ်ပြီး မျိုးရင်း မှာ (Persea Americana) ဖြစ်ပါသည်။ မျိုးရင်းအမည်မှာ  (LAU RACEAE) မူရင်းဒေသမှာအမေရိကတိုက်  အလယ်ပိုင်းမက္ကဆီကို နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။
ထောပတ်သီးကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးသွေး ကြောရောဂါ ဖြစ်နိုင်ခြေလျော့ကျစေခြင်း၊ သွေးတွင်းအဆီဓါတ် ကျဆင်းစေခြင်း၊ လေဖြတ်ခြင်းကိုကာကွယ်ခြင်း၊  အိုမင်းရင့်ရော်ခြင်း ကိုနှေးကွေးစေခြင်း၊  အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အာဟာရသိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ သိရသည်။
အာဟာရဓာတ်စုံလင်ကြွယ်ဝပြီး ဆေးဖက်ဝင်အာနိသင်များ စွာပါဝင်သော ထောပတ်သီးကို အမေရိကန်နှင့် ဥရောပနိုင်ငံများ တွင်သာမက နိုင်ငံတကာဈေးကွက်များတွင်ပါ လူကြိုက်များရေပန်း စားလျက်ရှိကြောင်း သိရပါသည်။ ဈေးကွက်တွင် နာမည်ကြီးရေပန်း စားနေသော ထောပတ်သီးသည် ပြည်ပပို့ကုန် သီးနှံများအနက် အလားအလာအကောင်းဆုံးသီးနှံ ဖြစ်လာနိုင်သည်ဟု သစ်သီး ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းထားကြကြောင်း သိရပါသည်။ထောပတ်သီးအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး အစားအသောက်များတွင် လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများဖြစ် သော အလှကုန်ပစ္စည်းများ၊ ရေချိုးဆပ်ပြာဆီများတွင် လည်းကောင်း တွင်တွင် ကျယ်ကျယ် အသုံးပြုလာသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် ထောပတ်သီးကို တိုးချဲ့စိုက်ပျိုးသင့်ပြီး ပြည်ပပို့ကုန်အဖြစ် တင်ပို့ သင့်သော သီးနှံဖြစ်ပါသည်။ သစ်သီးဝလံ ကုန်သွယ်မှုကဏ္ဍသည်  လွန်ခဲ့သော ဆယ်စုနှစ်များ ကတည်းက  တစ်စတစ်စ အရေးပါလာ ကြောင်း၊  စိုက်ပျိုးထုတ်လုပ်သူများအတွက် ဝင်ငွေကြီးမားစွာ တိုး တက်ရရှိစေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊   စားသုံးသူများ အားလုံးပါဝင်ေ သာsupply chain  တစ်ခုလုံးအတွက် အကျိုးကျေးဇူးများစွာရှိလာပြီး ကုန်သွယ်မှုကို လည်း မြင့်မားတိုးတက်လာစေပါသည်။
    မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် လးတိုင်း၊  ပြင်ဦးလွင်ဒေသတစ်ဝိုက်တွင် ထောပတ် ပင်များ စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ နိုင်ငံတကာဈေးကွက် သို့ ထိုးဖောက်နိုင်ရန် အရည် အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ် လုပ်နိုင်ရန်အတွက် မျိုးရွေးချယ်သည့်အချိန်မှ ပြုစုစောင့်ရှောက် ဆွတ်ခူးသည့်အချိန်ထိ အဆင့်ဆင့်စနစ်တကျရှိရေးသည် လွန်စွာ အရေးပါလျက်ရှိသည်။ရှမ်းပြည်နယ်ေ တာင်ပိုင်း တွင် ထောပတ်သီးစိုက်ဧကမှာ ၇၀၀ ခန့်ရှိပြီး တောင်ကြီး ၊ ရွာငံပင်လောင်း၊ ဟိုပုံးမြို့နယ်တို့တွင်အများဆုံး စိုက်ပျိုးကြောင်း၊ ယခင်ကကျေးရွာများတွင် အိမ်ခြံဝင်းများ ခြံ စည်းရိုးများတွင် အများဆုံးစိုက် ပျိုးကြသော်လ ည်း ယခုအခါတွင် ဧကအလိုက်စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ ထောပတ်သီး သီးနှံမှာ စိုက်ပျိုးပြုစုမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုစရိတ်သက်သာ ပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိသော သီးနှံဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းအနေဖြင့် ထောပတ်သီးစိုက်ဧက ၇၀၀ ခန့် ရှိရာ အသီးခူးဆွတ်ရိတ်သိမ်းမှု ဧကမှာ ၄၅၀မှ ၅၀၀ခန့်ရှိပြီး အထွက် နှုန်းမှာ အလုံး ၉၅၀၀ ခန့်ဖြစ်သဖြင့် အထွက်လုံးရေ ၄၂၇၅၀၀၀ လုံး၊ အထွက်တန်ချိန် ၁၇၁၀ ခန့်ရှိကြောင်း သိရပါသည်။
မက္ကဆီကိုနိုင်ငံသည် ကမ္ဘာတွင် ထောပတ်သီးအများဆုံးထုတ် လုပ်သောနိုင်ငံဖြစ်ပြီး တန်ချိန် ၁ ဒသမ ၅၂ သန်းခန့် ထုတ်လုပ် ပါသည်။ ဒိုမီနီကန်နိုင်ငံမှာ ဒုတိယအများဆုံးထုတ်လုပ်ပြီး တန်ချိန် သုညဒသမ ၄၂ သန်းခန့် ထုတ် လုပ်ပါသည်။  တတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ ပီရူးနိုင်ငံဖြစ်ပြီး တန်ချိန် သုည ဒသမ ၃၅ သန်းခန့်ထုတ်လုပ်ပါသည်။ ကမ္ဘာတွင် ထောပတ်သီးတင်ပို့သည့်နိုင်ငံ မှာ အမေရိကန်နိုင်ငံ၊ မက္ကဆီကို၊ ပီရူး၊ ချီလီ၊ တောင် အာဖရိက၊ နယူးဇီလန်နှင့် အစ္စရေးတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကမ္ဘာတွင် ထောပတ်သီးတင်သွင်းသော နိုင်ငံများမှာ ကနေဒါ၊ ချီလီ၊ တရုတ်၊ အီးယူ၊ ဟောင်ကောင်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံ တို့ တင်သွင်း လျက် ရှိေ ကြာင်းကို Avocado Trade Reports 2017စာရင်းများအရ လေ့လာတွေ့ရှိရပါသည်။Value of Dutch imports  စာရင်းအရ နယ်သာလန်နိုင်ငံသို့ ထောပတ်သီး တင်သွင်းသည့် နိုင်ငံများအား အောက်ပါအတိုင်း တွေ့ရှိရပါသည် -ြၤဠဏ မှ မြန်မာ့ထောပတ် ကဏ္ဍဖွံ့ဖြိုးရေးအတွက် လွန်ခဲ့သော နှစ်များကပင် စတင်စည်းရုံးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များ လာရောက်၍ တောင်သူများထံ တိုက်ရိုက် သင်တန်းများပို့ချလျက်ရှိကြောင်း၊ ထောပတ်စိုက်ပျိုးရေး သင်တန်း ကို ၂၀၁၃ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုး ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ ထောပတ်သီးစိုက်ပျိုးရန် စိတ်ဝင် စားသူ တောင်သူနှစ်ရာခန့်တက်ရောက်ခဲ့ကြောင်း၊ စိတ်ပါဝင်စားသူ တောင်သူများ တဖြည်းဖြည်းများလာပြီး ရှမ်းပြည်နယ်တောင်ပိုင်း၌ ထောပတ်အစုအဖွဲ့(Avocado Cluster)  ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။
     ပြည်တွင်းထောပတ်သီးမျိုးများကို စနစ်တကျ မျိုးရွေးချယ်ပြီး ကိုင်းကူး၊ ကိုင်းဆက်နည်းများကိုပါ အမေရိကန်ပညာရှင်များက လာရောက်ပို့ချခဲ့သည်။ ထွက်ရှိလာသည့် ထောပတ်သီးများသည် အရွယ်အစားတူညီပြီး အနာ အဆာကင်းသောအသီးများကို   ရွေး ချယ်ထုပ်ပိုး၍ ပြည်ပဈေးကွက်သို့ ချိတ်ဆက်တင်ပို့နိုင်ရေးအတွက် စမ်းသပ်တင်ပို့ခဲ့ရာ အထိုက်အလျောက် အောင်မြင်မှုခဲ့ကြောင်း သိရပါသည်။မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်လာလ ၈ ရက်ထိ ထောပတ်သီးပြည်ပတင်ပို့မှု မှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။ ၎င်းဇယားကိုကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံသို့ ပိုမို တင်ပို့လျက် ရှိကြောင်း တွေ့ရှိရပါသည်။
    ထောပတ်သီးသီးနှံသည် ပြည်ပဈေးကွက် အလားအလာ ကောင်းများရှိနေသည့် သစ်သီးဝလံအဖြစ် တွေ့မြင်နေရပါသည်။ ဈေးကွက်တိုးချဲ့ပြီး ပို့ကုန်တိုးမြှင့်ရေးသို့ ဦးတည်ကာ ပိုမိုတိုးတက်တင်ပို့နိုင်ရန်အတွက် အဘက် ဘက်မှ ဝိုင်းဝန်းကြိုးစားကြရန် လို အပ်ပါကြောင်း၊ သစ်သီးဝလံများအား မူလအနေအထားအတိုင်း စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်းအပြင် တန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချကြခြင်းဖြင့် စိုက်ပျိုးရေးအခြေခံ စက်မှု စားကုန် ကဏ္ဍတိုးတက် မြင့်မားစေရေးအတွက်ပါ ဆက်လက်ကြိုးပမ်းဆောင် ရွက်ရန်လိုအပ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ခင်ချောစု(ကုန်သွယ်မြှင့်)

 

Local Trade News

Pages