တမာဆီယူရီးယားမြေသြဇာသည် သီးနှံအထွက်တိုးရေးအတွက် အထောက်အကူဖြစ်

Wed, 01/21/2015 - 10:46 -- admin_ygn

   တမာဆီပက်ဖျန်းထားတဲ့  ယူရီးယားမြေသြဇာကိုအသုံးပြုခြင်းဖြင့် သီးနှံအထွက်တိုးရေးကိုအထောက်အကူဖြစ်စေကြောင်း အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနဝန်ကြီး ရာဒါမို ဟန်ဆင်းဂ်က ဘင်ဂါလုရုမှာပြုလုပ်တဲ့ တမာဆီယူရီးယားမြေသြဇာ  (Neam coated Urea) မိတ်ဆက်ပွဲအခမ်း အနားမှာ ပြောကြားခဲ့ပါတယ်။ ယူရီးယား ဓာတ်မြေသြဇာမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်ကို အပင်များကအပြည့်အဝစုပ်ယူနိုင်စွမ်းမရှိတဲ့အတွက် လေလွင့်ဆုံးရှုံးမှုများရှိနေပါတယ်။ တမာဆီအုပ်ထားတဲ့ယူရီးယားကို အသုံးပြုခြင်းအားဖြင့်  ယူရီး ယားသုံးစွဲမှုကို လျှော့ချပေးနိုင်မယ်လို့ဆိုပါတယ်။ ယူရီးယားသုံးစွဲမှုကို   လျှော့ချနိုင်ခြင်းအားဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချပေးရာရောက်ပါတယ်။ အိန္ဒိယနိုင်ငံ ဟာ နှစ်စဉ်ဓာတ်မြေသြဇာတန်ချိန် သိန်း ၄၀ မှ ၆၀ အထိ ပြည်ပမှတင်သွင်းနေရပါတယ်။ ဒါကြောင့် တမာဆီအုပ်ထားတဲ့ ယူရီးယားကိုအသုံးပြုခြင်းအားဖြင့် နိုင် ငံခြားငွေချွေ တာရာ ရောက်စေမယ်လို့ ဆင်းဂ်ကပြောပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို လျော့ကျစေနိုင်ကြောင်း၊ ယခုကဲ့သို့ အသုံးပြုခြင်းအားဖြင့် မြေဆီလွှာကို တာရှည်ထိန်းသိမ်းနိုင်စေတယ်လို့လည်း  ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
   အိန္ဒိယနိုင်ငံမှာ တမာကို မြေသြဇာအဖြစ်အသုံးပြုနေတာ ၁၀ စုနှစ်များစွာရှိနေပြီဖြစ်ပါတယ်။ တမာပင်ကရတဲ့ မြေသြဇာနဲ့ အိန္ဒိယစိုက်ပျိုးရေးသမားတွေဟာ ရှေးယခင်ကပင် မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်လို့   ဆိုပါတယ်။ ပန်းမာလ် ဥယျာဉ်  စိုက်ပျိုးသူများအနေဖြင့်လည်း နိုင်ငံတကာ  စံချိန်စံညွှန်းနဲ့အညီ ခေတ်မီနည်းပညာများနဲ့ စက်ပစ္စည်းကိရိယာ များကို သုံးစွဲစိုက်ပျိုးထုတ်လုပ်ကြရန်  စိုက်ပျိုးရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်။

CMK