တပ်မတော်ခန်းမတွင်ပြုလုပ်မည့် ဟိုချီမင်း ကုန်စည်ပြပွဲတွင် Vietje ပါဝင်ပြသမည်

Fri, 05/06/2016 - 07:36 -- admin_ygn

လာမည့် ဧပြီ ၁ ရက်မှ ၃ ရက် အထိ တပ်မတော်ခန်းမတွင် ကျင်းပမည့် ဟိုချီမင်းမြို့တော် ကုန်စည်ပြပွဲတွင် စရိတ်သက်သာသော  လေကြောင်း လိုင်း တစ်လိုင်းဖြစ်သည့် Vietjet  လေကြောင်းလိုင်းမှ  ပါဝင်ပြသ မည် ဖြစ်ေ ကြာင်း Vietjet လေကြောင်းလိုင်း၏  သတင်းထုတ်ပြန်ချက်များအရ သိရ သည်။အဆိုပါပြပွဲတွင်Vietjet ၏  အနီရောင်ယူနီဖောင်းကို ဝတ်ဆင် ထားသည့် အကအဖွဲ့သည် ပြပွဲသုံးရက်စလုံးတွင် စိတ်လှုပ်ရှားဖွယ်ရာအစီ အစဉ် များ၊ ဖျော်ဖြေ ရေးအစီအစဉ်များဖြင့်  ဧပြီ ၁ ရက်မှ၃ရက်အထိ ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။ပြပွဲသို့လာရောက်လည်ပတ်သူ များအားလည်း Vietjet ၏ကံစမ်းမဲ အစီအစဉ်များမှတစ်ဆင့်  ဗီယက်နမ်သို့ သွားရောက် မည့် လေယာဉ်လက်မှတ် ကို ၅၀ ရာခိုင်နှုန်း သက်သာခွင့်ရရှိမည်ဖြစ်ပြီး  လေယာဉ်လက်မှတ်များကို မြန်မာကျပ်ငွေ ၇၇၇ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည့်  အခွင့်အရေးကို   ရရှိမည် ဖြစ်ကြောင်း  သိရသည်။''Vietjet  က ရှေ့ ဆက်ပြီး အာရှ ဒေသမှာ ပျံသန်းရေးကွန်ရက်တွေ ချဲ့ထွင် သွားမည့်အပြင်များစွာသောအထူး အရောင်းမြင့်တင်ရေးတွေကို ပြုလုပ်သွားမှာဖြစ်ပြီး  လူတိုင်း Vietjet နဲ့အတူ   ပျံသန်းနိုင်အောင်  လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ  ကျင်း ပတဲ့  ဟိုချီမင်းမြို့တော် ကုန်စည်ပြပွဲမှာ Vietjet   ရဲ့ခရီးသွားတွေ ဖြစ်လာနိုင်တဲ့ ခရီးသွားတွေကို Vietjet  အရောင်းကောင်တာမှာလာရောက်တွေ့ဆုံဖို့ ဖိတ် ခေါ်ချင်ပါ တယ်။ အနာဂတ်မှာ အတူတူ  ပျော်ပျော်ရွှင်ရွှင် ပျံသန်းကြမယ်လို့လည်း မျှော်လင့်ပါတယ်''Vietjet  ၏   ဒုတိယဥက္ကဋ္ဌ ဖြစ်သူNguyenThi Thuy Binhကပြောသည်။ဟိုချီမင်းမြို့တော်  ကုန်စည်ပြပွဲသည် ဟိုချီမင်းမြို့တော် ရင်းနှီး မြှုပ်နှံ မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးစင်တာတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မည်သူ မဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။ဟိုချီမင်းမြို့တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးစင်တာ သည် Vietjet ကဲ့သို့သော  ကုမ္ပဏီများကို  တိုးတက်လျက်ရှိသော  မြန်မာ ဈေးကွက်အတွက် ရင်းနှီးမြှုပ်နှံမှု  အခွင့်အရေးများကို   ရှာဖွေရရှိနိုင်မည့်    ကောင်းမွန်သော အခွင့်အရေးများရရှိစေရန်  လုပ်ဆောင်ပေးလျက်ရှိသည်။