တတိယအကြိမ် ပြင်ဆင်ထားသည့်ကွန်ဒိုမီနီယမ်ဥပဒေမူကြမ်းကို လွှတ်တော်တွင် တင်သွင်းခဲ့

Fri, 01/15/2016 - 05:30 -- admin_ygn

ယခု  လတ်တလောတွင်  စတင်ခဲ့သည့်လွှတ်တော်၌  တတိယ အကြိမ် ပြင်ဆင်ထားသည့်  ကွန်ဒိုမီနီယမ်ဥပဒေမူကြမ်း  တင်သွင်းခဲ့ပြီး ဖြစ်သည်။ ယခင်အစိုးရလက်ထက်၌ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို တားဆီးပိတ်ပင်ခဲ့ခြင်း များမှာ  နိုင်ငံအတွက် နစ်နာစေကြောင်း အိမ်ခြံမြေ အကျိုးဆောင်ဝက်ဘ်ဆိုက်House.com.mm မှ သုံးသပ်သည်။နိုင်ငံခြားသား    အိမ်ရာပိုင်ဆိုင်နိုင်မှုများကို  အချိန်ကြာမြင့်စွာ ပိတ်ပင်တားဆီးခဲ့သည့် ရလဒ်အနေနှင့် မြန်မာ နိုင်ငံသို့ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုများ  ဝင်ရောက်မှုနည်းပါးစေခဲ့ပြီးဈေးကွက် ၏ပွင့်လင်းမြင်သာ မရှိမှုများကလည်း  အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်စေသည့် အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်ခဲ့ရသည်။ယခုအခါတွင်လည်း အိမ်ခြံမြေဈေး ကွက်အတွက်အသက်ရှူပေါက် ဖြစ်ဖွယ်ရာ အကြောင်းအရင်းတစ်ရပ်ဖြစ်သည့် ကွန်ဒိုဥပဒေကိုလည်းတင်ပြထားရာမှ လွှတ်တော်အသစ်အနေနှင့် ဆွေးနွေးညှိနှိုင်းဆဲဖြစ်နေသည်။House.com.mm ၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ  Mr.Balaji Ramaswami က ''ကွန်ဒိုဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အတွက် နိုင်ငံရဲ့အိမ်ခြံ မြေဈေးကွက်ကို သိသာတဲ့  အပြောင်းအလဲတွေ ဖြစ်ပေါ်စေမယ့်အပြင် ဈေးကွက်အပေါ်ကိုလည်းပွင့်လင်းမြင်သာစေနိုင် မှာဖြစ်ပြီး တစ်ဖက်က လည်း  စီးပွားရေးဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်''ဟု ပြောကြား ခဲ့သည်။အစိုးရသစ်လက်ထက်၌ ကွန်ဒို ဥပဒေအတည်ပြုနိုင်ဖွယ်ရှိသည်ဟူ သောသတင်းများ ထွက်ရှိလာသည်နှင့်  တစ်ပြိုင်နက်  ကွန်ဒိုဥပဒေ ကြောင့်ဖြစ်ပေါ်လာမည့်  အကျိုးရလဒ်များနှင့်  အချို့သော  သဘော မတူညီမှုများအကြားတွင် အားပြိုင်မှုများဖြစ်ပေါ်ခဲ့ သည်များရှိနေကြောင်း သိရသည်။ပုံမှန်အားဖြင့် ရန်ကုန်၊မန္တလေး အစရှိသည့် မြို့ကြီးများရှိ နေထိုင်သူ များမှာ ပြောင်းလဲမှုများကြောင့် ဖြစ် ပေါ်လာမည့် ဈေးနှုန်းမြင့်တက်မှုများ အပေါ် စိုးရိမ်မှုများလည်းရှိနေကြသည်။''မြန်မာနိုင်ငံအနေနဲ့ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ တခြားသောဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ယှဉ်မယ်ဆိုရင် အချိန် အတော်  ကြာကြာယူထားတယ်လို့ မြင်ပါတယ်။  ဒီကွန်ဒိုဥပဒေကြောင့်ဖြစ်ပေါ်လာမယ့်  ဆိုးကျိုးဆိုတဲ့ဟာ တွေကို ရရှိလာမယ့်  အကျိုးအမြတ်တွေနဲ့ယှဉ်မယ်ဆိုရင်  ဘယ်လိုမှ မပြောပလောက်တော့ဘူးဆိုတာကိုလည်း ဈေး ကွက် ပညာရှင်တွေအနေ နဲ့ သုံးသပ်ထားပြီးသားဖြစ်ပါတယ်။ ဈေးကွက်ပွင့်လင်းလာတာနဲ့အမျှ စီးပွားရေးအခွင့်အလမ်းတွေလည်း များပြား လာနိုင်ပါတယ်။ ဒီဥပဒေမှာ ပါဝင်တဲ့ အိမ်ရာပိုင်ဆိုင်မှု  အခွင့်အရေးတွေဟာနိုင်ငံ ရဲ့အိမ်ခြံမြေဈေး ကွက်ဖွံ့ဖြိုးမှုကိုသာမက  မြန်မာနိုင်ငံအိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက် အဓိကလိုအပ်တဲ့အရာလည်း   ဖြစ်နေပါတယ်''ဟု ၎င်းင်းက ဆက် လက်ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၏  အိမ်နီးချင်းနိုင်ငံများ  ဖြစ်ကြသည့်  ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင်လည်း အိမ်၊ ခြံ၊ မြေပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍ ပိတ်ပင် တားဆီးမှုများရှိနေပြီး  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအတွက်   စိန်ခေါ်မှု များပြားသည့်နိုင်ငံများအဖြစ်  သတ်မှတ်နိုင်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံ သား မဟုတ်ပါကအိမ်၊ ခြံ၊  မြေဝယ်ယူခွင့် မရှိသော်လည်း ထိုင်းနိုင်ငံသား တစ်ဦးဦးနှင့် စီးပွားဖက်လုပ်ကိုင်မှုရှိပါက  တစ်စိတ်တစ်ပိုင်းအနေနှင့် ပိုင်ဆိုင်ခွင့် အခွင့်အလမ်းကိုပေးထားသည်။ယင်းကဲ့သို့ပင်  တခြားနိုင်ငံများတွင် ရှိသည့်  ကွန်ဒိုဥပဒေကိုလည်း မြန်မာနိုင်ငံ၌  မူကြမ်းတင်သွင်းထားပြီးဖြစ်သည်။  ထိုင်းနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံတို့တွင် နိုင်ငံခြားသားများအား ကွန်ဒိုပိုင်ဆိုင်နှုန်း ၄၀ ရာခိုင် နှုန်းအထိပိုင်ဆိုင်ခွင့်ပေးထား ပြီး  တိုက်ခန်းများကိုလည်း  အလားတူပင် ၄၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ပေးထားသည်။
မယ်သီတာ