ဆိတ် နှင့် သိုးများ မလေးရှားကို တင်ပို့ကြမလား

Wed, 02/21/2018 - 06:23 -- admin_ygn

    ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ရောင်းလိုအားနှင့်ဝယ်လို အားအရ ဖြစ်ပေါ်နေသော လွတ်လပ်သည့်ဈေးကွက်ကို ဖော်ဆောင် နိုင်ရန်နှင့် တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်းကြောင်းပေါ် သို့ရောက်ရှိစေရန်၊ မွေးမြူေ ရးေ တာင်သူများ ဝင်ငွေနှင့်အလုပ်အကိုင် အခွင့်အလမ်းများ  ပိုမိုရရှိစေရန်နှင့် တောင်သူလယ်သမားတို့၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီးတော့ ကျွဲ၊ နွားအရှင်တွေကို ပြည်ပသို့ စည်းမျဉ်း စည်းကမ်းများနဲ့အညီ တရားဝင် တင်ပို့ခွင့်ပြုတဲ့ အမိန့်ကြော်ငြာစာကို စီးပွားရေးနှင့်ကူးသန်း  ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲ ဆိတ်၊ သိုး အရှင်တွေ ကိုလည်း ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုထားပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှ ဒီဇင်ဘာ ၂၉ ရက်အထိ) စာရင်းများအရ သိုးအရှင် (၁၈ ကီလိုဂရမ်အထက်)တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သုညဒသမ ၀၃ သန်း၊ သိုး အရှင် (၁၈ကီလိုဂရမ်) တင်ပို့မှုမှာ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၀၁ သန်း အသီးသီးရှိခဲ့ကြောင်း တွေ့ရ ပါတယ်။ အလားတူဘဏ္ဍာနှစ်အတွင်း ဆိတ်အရှင် တင်ပို့မှုကိုကြည့် မယ်ဆိုရင် ဆိတ်အရှင် (၁၈ ကီလိုဂရမ် အထက်) တင်ပို့မှုမှာ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၉ သန်းအထိရှိခဲ့ပြီး ဆိတ်အရှင်(၂၀ ကီလို ဂရမ်အထက်) တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် ဆိတ်အရှင် (၃၀ ကီလိုဂရမ်အထက်) တင်ပို့မှုမှာ အမေရိ ကန်ဒေါ်လာ သုညဒသမ၃ သန်း အသီးသီးရှိခဲ့ကြောင်းကို လေ့လာတွေ့ရှိရပါတယ်။ တင်ပို့တဲ့နိုင်ငံကိုကြည့်ရင် အိမ်နီးချင်းတရုတ်နိုင်ငံကို အဓိကထား တင်ပို့နေတာဖြစ်ကြောင်း တွေ့ရပြီး ဈေးကွက်တိုးချဲ့နိုင်မယ်ဆိုရင် လက်ရှိ တင်ပို့နေတဲ့ အခြေအနေထက် ပိုမိုတိုးတက်တင်ပို့နိုင်ဖို့ အလားအလာကောင်းတွေရှိနေတယ်လို့ ဆိုနိုင်မှာလည်း ဖြစ်ပါ တယ်။ တိရစ္ဆာန်အရှင်တင်ပို့မယ်ဆိုရင်  ပြည်တွင်းလုပ်ထုံးလုပ်နည်း များနဲ့အညီတင်ပို့ရန် လိုအပ်ရုံသာမက တင်ပို့မည့် ဈေးကွက်ရဲ့သတ် မှတ်လုပ်ထုံး လုပ်နည်းတွေနဲ့ စံချိန်စံညွှန်း သတ်မှတ်ချက်တွေကိုလည်း သိရှိနားလည်ထားဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ယခုတစ်ပတ် မှာတော့ မလေးရှားနိုင်ငံကို အသားထုတ်လုပ်ရန် အတွက် ဆိတ်၊ သိုးတင်ပို့ရာမှာ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းတွေကို ရေးသားတင်ပြလိုပါတယ်။သွင်းကုန် ခွင့်ပြုမိန့်လိုအပ်ချက်
    မလေးရှားနိုင်ငံသို့ တိရစ္ဆာန်များတင်သွင်းမယ်ဆိုရင် သက်ဆိုင် ရာ တင်သွင်းမည့် တိရစ္ဆာန်များအတွက်  မလေးရှားနိုင်ငံ၊ ရောဂါ ကာကွယ်ရေးနှင့် စစ်ဆေးရေးဌာန (MAQIS) မှ ထုတ်ပေးတဲ့ သက်တမ်းရှိသော သွင်းကုန် ခွင့်ပြုမိန့်ပူးတွဲပါရှိရမှာ ဖြစ်ပါတယ်။တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဆိုင်ရာထောက်ခံချက်  တင်ပို့မည့် တိရစ္ဆာန်တွေရဲ့  အသက်အရွယ်၊ အမျိုးအနွယ်၊ အထီး/အမ၊ ခေါင်းအမှတ်၊ တိရစ္ဆာန်သက်သေခံအမှတ်(Animal ID) တို့ပါဝင်တဲ့ အသေးစိတ်ဖော်ပြချက်နဲ့အတူ  မြန်မာနိုင်ငံ၊ မွေး မြူရေးနှင့် ကုသရေးဦးစီးဌာနမှ သက်ဆိုင်ရာ တိရစ္ဆာန်ဆေးကုသ ရေးအရာရှိမှ တင်ပို့သည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ထုတ်ပေးထား တဲ့ ကျန်းမာကြောင်းေ ထာက်ခံချက်(အင်္ဂလိပ်ဘာသာဖြင့်) ကို တင်ပို့  မှုနဲ့အတူ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။
    တင်ပို့သည့်နေ့ရက်မတိုင်မီ ၁၂ လမှ တင်ပို့သည့်နေ့ရက်အထိ ဗစ်စ်နာဗိုင်းစ်ရပ်လို့ခေါ်တဲ့Maedi Visna နှင့် သိုးကျောက်၊ ဆိတ် ကျောက်၊B.Ovis စသည်တို့ ကင်းရှင်းတဲ့ မြန်မာနိုင်ငံရဲ့ ဒေသ တစ်ခုခု (သို့မဟုတ်) ပြည်နယ် /တိုင်းတစ်ခုခုမှာ မွေးမြူတင်ပို့တဲ့ တိရစ္ဆာန်ဖြစ်ဖို့လိုအပ်ပါတယ်။ ဦးနှောက်အမှေးရောင် ရောဂါနှင့် ဆက်စပ်ရောဂါဖြစ်သောTSE ခေါ် Transmissible Spongiform Encephalopathy ရောဂါနှင့်Scrapie  ရောဂါဖြစ်ပွား မှုတို့ကိုေ တာ့ မြန်မာနိုင်ငံမှာမတွေ့ရဘူးလို့ သိရပါတယ်။
    မြန်မာနိုင်ငံမှတင်ပို့မည့် တိရစ္ဆာန်တွေဟာ တင်ပို့သည့်နေ့ရက် မတိုင်မီခြောက်လမှ တင်ပို့သည့်နေ့ရက်အထိ ခွာနာလျှာနာရောဂါ ကင်းစင်သောဒေသတွင် မွေးမြူထားသော တိရစ္ဆာန်များဖြစ်ရန်လို အပ်ပါတယ်။ တိရစ္ဆာန်များ ကို ရွှေ့ပြောင်းမှုမပြုမီ အနည်းဆုံးသုံးလ အထိ တိရစ္ဆာန်မွေးမြူရာနေရာများ၏ အချင်းဝက် ၁၀ ကီလိုမီတာ အတွင်း ခွာနာလျှာနာရောဂါဖြစ်ပွားမှု မရှိရဘူးလို့လည်း သိရပါ တယ်။     မြန်မာနိုင်ငံ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနနှင့် မလေးရှား နိုင်ငံ၊ တိရစ္ဆာန်ဆေးကုသရေးဌာန(Department of Veterinary Services-DVS) အသိအမှတ်ပြု ရောဂါစစ်ဆေးရေးဌာနများတွင်  တင်ပို့မှုမတိုင်မီ ၁၀ ရက်ကြာ ထိန်းသိမ်းထားရှိသည့် မလေးရှား နိုင်ငံသို့ တင်ပို့မည့် တိရစ္ဆာန်များအားလုံးကို ကျန်းမာရေးနှင့် ခွာနာ လျှာနာရောဂါကင်းစင်မှုတို့အတွက်  ဆေးစစ်မှုခံယူရမှာဖြစ်ပြီး မလေးရှားနိုင်ငံ၊DVS အသိအမှတ်ပြု ခွာနာလျှာနာ ရောဂါကာကွယ် ဆေး (O,A, Asia1) ထိုးထားရ မှာဖြစ်ပါတယ်။  တင်ပို့သည့်တိရစ္ဆာန် များ မလေးရှားနိုင်ငံသို့ ရောက်ရှိသည့်နေ့ရက်တွင် အတည်ပြုထား သောရောဂါစစ်ဆေးရေးဌာနများ၌ စစ်ဆေးရမှာ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တင်ပို့မည့် တိရစ္ဆာန်များဟာ ခွာနာလျှာနာရောဂါဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှုNSP  ELISA အတွက် စမ်းသပ်စစ်ဆေးမှုခံယူရမှာဖြစ်ပြီး ရောဂါကင်းရှင်းကြောင်း (Negative) အဖြေထွက်ရှိရန်  လိုအပ်ပါတယ်။ အဆိုပါ စမ်းသပ်စစ်ဆေးမှုကို အစိုးရဓာတ်ခွဲခန်း (သို့မဟုတ်) အသိအမှတ်ပြု ဓာတ်ခွဲခန်းတွေမှာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်   မလေးရှားနိုင်ငံသို့  တင်ပို့မည့် ဆိတ်၊သိုးအပါအဝင် တိရစ္ဆာန် များဟာ အဆုတ်ေ ရာဂါ (Tuberculosis) ကင်းစင်ရန်လိုအပ်ပြီး အဆိုပါရောဂါကင်းရှင်းတဲ့ မွေးမြူရေးခြံများ၊ မွေးမြူရာ နေရာဒေသ များမှဖြစ်ရန် လိုပါတယ်။ တင်ပို့မည့် တိရစ္ဆာန်များသည် သားပျက် သားလျှောရောဂါဆိုင်ရာBrucella Ovis နှင့်Brucella melitensis ကင်းစင်ကြောင်း အသိအမှတ်ပြုထားသည့် မွေးမြူရေးလုပ်ငန်းများမှ ဖြစ်ရန်လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ထားသည့် တိရစ္ဆာန်မှအပ တိရစ္ဆာန်များအားလုံးကို တင်ပို့မှုမပြုလုပ်မီRB51 ကာကွယ် ဆေးထိုးထားဖို့ လိုအပ်မှာဖြစ်ပါ တယ်။
    တင်ပို့မည့် တိရစ္ဆာန်များသည် တင်ပို့သည့်နေ့ရက်မတိုင်မီ ငါး နှစ်ကြာကာလအတွင်းJohne’s disease  ကင်းရှင်းရန်လိုအပ်ပြီး၊ ရောဂါကင်းစင်မှု ရှိ/မရှိ ပုံမှန်စောင့်ကြည့်ကြီးကြပ်သည့် မွေးမြူရာ နေရာများတွင် မွေးမြူ ထားခြင်းဖြစ်ရန်နှင့် အဆိုပါရောဂါ ဖြစ်ပွား ခဲ့မှု၊ ဖြစ်ပွားနေမှုများ မရှိရန်လိုအပ်ကြောင်းလည်း သိရပါတယ်။
    တင်ပို့မည့် တိရစ္ဆာန်များသည် ယောနိရောင်ရမ်းနာနှင့် ကမ် ဖိုင်လိုဘက်တာ (Trichomonosis and Camphylobacter)၊ သန္ဓေ သားနှင့် မျိုးစိတ်ခွဲသန္ဓေသား  (fetus and subspecies fetus)? Camp- hylobacter jejuni၊ သိုးအမများတွင်ဖြစ်သော သားပျက်ခြင်းနှင့် စပ်လျဉ်းသည့်ရောဂါ (Enzootic Abortion of Ewes and Meliodosis)  စတဲ့ ရောဂါများကင်းစင်သည့်ဒေသ (သို့မဟုတ်) မွေးမြူရာနေရာများ မှဖြစ်ရန်လိုအပ်ပြီး တင်ပို့မှုမတိုင်မီ နောက်ဆုံးခြောက်လအထိ အဆိုပါ ရောဂါများကင်းရှင်းရန်လိုအပ်မှာလည်း ဖြစ်ပါတယ်။
    တင်ပို့မည့် တိရစ္ဆာန်များဟာSerotype အဏုဇီဝပစ္စည်းရဲ့ လက်ပ်တိုစပီးယား(Leptospira) ကြောင့်ဖြစ်တဲ့ Leptospirosis  ရောဂါကင်းရှင်းကြောင်း မြန်မာနိုင်ငံ၊ မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာနက အသိအမှတ်ပြုထားတဲ့ မွေးမြူရာနေရာများမှဖြစ်ရန် လိုအပ်ပါတယ်။ ဒါ့အပြင် တင်ပို့မှုမတိုင်မီ ရက်ပေါင်း ၃၀ အတွင်း မွေးမြူရာနေရာများ၌ ၎င်းင်းရောဂါဖြစ်ပွားမှုမတွေ့ရှိဖို့လည်း လိုအပ် မှာဖြစ်ပါတယ်။
      တင်ပို့မည့် တိရစ္ဆာန်များဟာ တင်ပို့မှုမတိုင်မီ ၇ ရက်မှ ၁၂ ရက်အတွင်း ပြင်ပကပ်ပါး ပိုးအားလုံးအတွက် အမှတ်အသားပယ် ဖျက်ပြီး(deticked)  ဖြစ်ရပါမယ်။ ဒါ့အပြင် တင်ပို့မည့် တိရစ္ဆာန်များ အား တင်ပို့မှုမတိုင်မီ ၁၀ ရက်အတွင်း တိရစ္ဆာန်အရှင် အလေးချိန် ၅-၁၀ မီလီဂရမ်/ ကီလိုဂရမ်နှုန်းဖြင့် ပိုးသတ်ဆေး(Oxytetra- cycline) ထိုးထားရမှာဖြစ်ပါတယ်။ တိရစ္ဆာန်များ၏ ရောဂါအမည် ဖော်ရန် ကိုယ်ခန္ဓာအစိတ်အပိုင်း (သို့မဟုတ်) အင်္ဂါကို စမ်းသပ်ခြင်း(Palpation)အပါအဝင်Conjugated Linoleic Acid (CLA) ကို ဆေးစစ်မှုပြုလုပ်ထားရန် လိုအပ်ပြီး၊ ကင်းစင်ကြောင်း (negative)  အဖြေတွေ့ရှိရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၌ ထိန်းသိမ်းထားရှိခြင်း
မလေးရှားနိုင်ငံသို့တင်ပို့မည့် တိရစ္ဆာန်များအားလုံးဟာ မြန်မာ နိုင်ငံ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မလေးရှားနိုင်ငံ၊တိရစ္ဆာန် ဆေးကုသရေးဌာန(Department of Veterinary Services-DVS)  တို့မှ စစ်ဆေး အတည်ပြု ထားတဲ့ အသိအမှတ်ပြု ကူးစက်ရောဂါထိန်း ချုပ်ရေးဌာနများ/ မွေးမြူရာနေရာများ (သို့မဟုတ်) ထိန်းသိမ်းထား ရှိရာ ခြံဝင်းများမှ မွေးမြူထားခြင်းဖြစ်ဖို့ လိုအပ် ပါတယ်။
တိရစ္ဆာန်တစ်ကောင်ချင်းစီဟာ  တင်ပို့မှုမတိုင်မီ နောက် ကြောင်းလိုက်ခြင်းနှင့် ခွဲခြားသတ်မှတ်ခြင်းတို့အတွက် မလေးရှား နိုင်ငံ၊ တိရစ္ဆာန်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ  အတည်ပြုထားတဲ့ရေဒီယို ကြိမ်နှုန်း ခွဲခြားသတ်မှတ်ခြင်း (Radio Frequency Identificati on-RFID) ကိုအသုံးပြု၍ ခွဲခြားမှုပြုလုပ်မှာဖြစ်ပါတယ်။ ကျန်းမာပြီး၊ ရောဂါကင်းရှင်းကြောင်း စစ်ဆေးအတည်ပြုထားတဲ့ တိရစ္ဆာန်များကို သာ မလေးရှားနိုင်ငံသို့ တင်ပို့ခွင့်ရရှိမှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံသို့ တိရစ္ဆာန်တင်ပို့မှုတိုင်း အတွက်  သင်္ဘောတင်ခြင်းမပြုမီ မြန်မာနိုင်ငံရှိ အတည်ပြုထားသည့် ကျန်းမာရေးစစ်ဆေးရာဌာန များနှင့် မွေးမြူရေးခြံများအား ကြီးကြပ်ဆောင်ရွက် နေသည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ သက်ဆိုင်ရာအရာရှိမှ ကျန်းမာရေး စစ်ဆေးချက် မှတ်တမ်း(Quarantine Report)  ကို ထုတ်ပေးရမှာ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ခြင်းနှင့် အတင်/အချပြုလုပ်ရာနေရာ
    တိရစ္ဆာန်များတင်ပို့မှုကို မလေးရှားနိုင်ငံရှိ သတ်မှတ်ထားသည့် ကုန်တင်/ကုန်ချနေရာများ (သို့မဟုတ်) အခြားဝင်ပေါက်နှင့် ဆိပ်ကမ်းများသို့  သင့်လျော်ရာ ယာဉ်များဖြင့် တိုက်ရိုက်သယ်ဆောင် နိုင်မှာဖြစ်ပါတယ်။
မလေးရှားသို့တင်ပို့သည့် တိရစ္ဆာန်များရောက်ရှိချိန်တွင် ဆောင်ရွက်မှုများ
    မလေးရှားနိုင်ငံသို့ တင်ပို့သည့်တိရစ္ဆာန်များ ရောက်ရှိပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ပြီးချိန် တွင် အဆိုပါတိရစ္ဆာန်များအား မလေးရှားနိုင်ငံ ပြည်နယ်များရှိအတည်ပြု ကျန်းမာရေးစစ်ဆေး သည့် နေရာများသို့ ဆက်လက်ပို့ဆောင်၍ ထပ် ဆောင်းကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ၌ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးခြင်း
    မလေးရှားသို့ တင်ပို့မည့် တိရစ္ဆာန်များအား မလေးရှားနိုင်ငံ၊ အသိအမှတ်ပြုကျန်းမာရေး စစ် ဆေးဌာနDepartment of Veterinary Services-DVS)၌ ရှင်းလင်းရက် ၁၅ ရက်ထက်မနည်းသော ကာလအပိုင်းအခြားအတွင်း ကျန်းမာရေးစစ်ဆေး မှုများကို ဆောင်ရွက်မှာဖြစ်ပြီး စစ်ဆေးရက် နှစ် ရက်မြောက်နေ့တွင် ကျန်းမာရေးစစ်ဆေးခြင်းကို လည်းကောင်း၊ ခွာနာလျှာနာရောဂါကာကွယ်ဆေး (O,A   Asia1)ထိုးနှံခြင်းကို စစ်ဆေးရက် ၁၄ ရက် မြောက်နေ့တွင်လည်းကောင်း ဆောင်ရွက်မှာ ဖြစ် ပါတယ်။ ခွာနာလျှာနာရောဂါအတွကNSP ELISA ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းကို စစ်ဆေးရက် နှစ် ရက်မြောက်နေ့တွင် ဆောင်ရွက်ပြီး အခြားစစ် ဆေး စမ်းသပ်မှုကို လိုအပ်သလို ဆောင်ရွက်တာ ဖြစ်ကြောင်း သိရပါတယ်။
ခွာနာလျှာနာရောဂါ(သို့မဟုတ်) အခြားရောဂါ တစ်မျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့ပါက ကူးစက်တိရစ္ဆာန် များအားလုံးကို ဖျက်ဆီးသုတ်သင်ပစ်ရမှာ ဖြစ်ပါ တယ်။ ကူးစက်တိရစ္ဆာန်များနဲ့ ကူးလူးဆက်နွယ်မှု ရှိတဲ့ တိရစ္ဆာန်များအား သားသတ်ရန်အတွက် ချက်ချင်းပို့ဆောင်ရမှာ ဖြစ်ပါတယ်။ ဖျက်ဆီးသုတ် သင်မှုအတွက် တင်သွင်းသူ (သို့မဟုတ်) တိရစ္ဆာန် ပိုင်ရှင်များအား လျော်ကြေးပေးမှာ မဟုတ်ပါဘူး။
ကျန်းမာရေးစစ်ဆေးခံထားတဲ့ တိရစ္ဆာန်များ ဟာ ကူးစက်ရောဂါများအားလုံး  ကင်းရှင်းပြီး ကျန်းမာကြောင်း   စစ်ဆေးတွေ့ရှိတယ်ဆိုရင် စစ်ဆေးရက် ၁၆ ရက်မြောက်နေ့မှာ တိရစ္ဆာန် အားလုံးကို စစ်ဆေးသည့်နေရာများမှ ထုတ်ယူနိုင် မှာဖြစ်ပါတယ်။ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးတဲ့ ကာလကို လိုအပ်ရင် ထပ်မံတိုးချဲ့နိုင်တယ်လို့လည်း သိရပါတယ်။
အတည်ပြုထားတဲ့ ကျန်းမာရေးစစ်ဆေးရာ နေရာများမှ တိရစ္ဆာန်များအား တံဆိပ်ခတ်ထား သော ယာဉ်များတွင် ထည့်သွင်းပြီး၊ အတည်ပြု သတ်မှတ်ထားတဲ့ နေရာ^မွေးမြူရေးခြံများသို့ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
အခြားလိုအပ်သည့် အခြေအနေများ
မလေးရှားနိုင်ငံအတွင်းသို့ တိရစ္ဆာန်တင် သွင်းသူဟာ ကိုယ်စားလှယ်မှတစ်ဆင့် တင်သွင်း ခြင်းဖြစ်လျှင် ယင်းကိုယ်စားလှယ်အားလုံးသည် မလေးရှားနိုင်ငံ၊ တိရစ္ဆာန်ဆေးကုသရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှာ မှတ်ပုံတင်ထားဖို့လို အပ်မှာ ဖြစ်ပါတယ်။
တင်သွင်းသူအားလုံး (သို့မဟုတ်) တင်သွင်း မည့် ကိုယ်စားလှယ်အားလုံးဟာ တင်သွင်းမည့် တိရစ္ဆာန်အရေအတွက်၊ တင်သွင်းမည့် အဆိုပြုနေ့ ရက်တို့ကို အတည်ပြု ကျန်းမာရေးစစ်ဆေးသည့် ဌာနများမှ တာဝန်ခံအရာရှိထံသို့ အသိပေးရမှာ ဖြစ်ပြီး တင်သွင်းမှုအတွက် ကတိကဝတ်တစ်စုံ တစ်ရာ ဆောင်ရွက်ခြင်းမပြုမီ တင်သွင်းမှုအစီ အစဉ်များကိုလည်း လိုက်နာဆောင်ရွက်ရမှာ ဖြစ် ပါတယ်။ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးရန်နေရာ အတည်ပြုချက်မရရှိတဲ့  တင်သွင်းသူ (သို့မဟုတ်) ကိုယ်စားလှယ်များအနေနဲ့  မလေးရှားနိုင်ငံသို့ တိရစ္ဆာန်တင်သွင်းနိုင်မှာ  မဟုတ်ဘူးလို့လည်း သိရှိရပါတယ်။
ကျန်းမာရေးစစ်ဆေးပြီးနောက် စီမံဆောင်ရွက်မှုများ
    တိုက်ရိုက်သားသတ်မှု ပြုလုပ်ရန်အတွက် တင်သွင်းသော တိရစ္ဆာန်များအား စစ်ဆေးရာဌာန များမှထုတ်ယူပြီးနောက် မလေးရှားနိုင်ငံ၊ တိရစ္ဆာန် ဆေးကုသရေးဌာနမှ အတည်ပြုထားတဲ့ သား သတ်ရုံများထံသို့ တိုက်ရိုက်ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ သားသတ်ရုံတွင်ရှိနေစဉ် တိရစ္ဆာန် များဟာ ၁၉၇၅ ခုနှစ် သားသတ်ခြင်းထိန်းချုပ်မှု ဆိုင်ရာစည်းမျဉ်း၊ ၁၉၈၅ ခုနှစ်၊ အသားစစ်ဆေး ခြင်းဆိုင်ရာစည်းမျဉ်းနဲ့ စီမံခန့်ခွဲမှု လုပ်ထုံးလုပ် နည်းစံနှုန်းများကို လိုက်နာဆောင်ရွက်ရမှာ ဖြစ် ပါတယ်။
ချက်ချင်းသားသတ်မှုမပြုသော တင်သွင်း လာသည့်  တိရစ္ဆာန်များအား မလေးရှားနိုင်ငံ၊ တိရစ္ဆာန်ဆေးကုသရေးဌာနမှ အတည်ပြုထားတဲ့ ထိန်းသိမ်းရာနေရာ (သို့မဟုတ်) မွေးမြူရေးခြံ များတွင် ထိန်းသိမ်းထားရှိရမှာဖြစ်ပါတယ်။ တင် သွင်းလာသည့် တိရစ္ဆာန်များအား လက်ခံခြင်းမပြု မီ မွေးမြူရေးခြံများရှိ သံသယရှိ တိရစ္ဆာန်များ အား ခွာနာလျှာနာရောဂါကာကွယ်ဆေး ထိုးနှံ ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။  
သားသတ်ခြင်းမဆောင်ရွက်မီ အသားတိုး မွေးရန်အတွက် တင်သွင်းသည့် တိရစ္ဆာန်များအား မွေးမြူရေးခြံ^ ထိန်းသိမ်းရာ နေရာများတွင် ခြောက်လကြာ   ကန့်သတ်ထားရှိရမှာဖြစ်ပြီး အခြားတိရစ္ဆာန်များနှင့် ကူးလူးဆက်နွယ်မှုမရှိစေ ရေး သေချာစေရန်အတွက် ကြိုတင်ကာကွယ်မှု တွေကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တင်သွင်းမှုဆိုင်းငံ့ခြင်း
မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု၊ ရောဂါဖြစ် ပွားမှုဆိုင်ရာ သံသယရှိမှု ကြုံတွေ့ရသည့်အခါ (သို့မဟုတ်)  အထက်တွင် ဖော်ပြခဲ့သည့် ဥပဒေ စည်းမျဉ်းများအား ချိုးဖောက်တင်သွင်းခဲ့ပါက မလေးရှားနိုင်ငံ၊ တိရစ္ဆာန်ကုသရေးဌာန၏ ညွှန် ကြားရေးမှူးချုပ် (သို့မဟုတ်) တိရစ္ဆာန် ကုသရေး ဆိုင်ရာ ပြည်နယ်ညွှန်ကြားရေးမှူးတို့အနေဖြင့် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တိရစ္ဆာန် တင် သွင်းမှုကို ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ လိုအပ် ချက်အလိုက် အချိန်မရွေး ဆိုင်းငံ့သွားနိုင်ကြောင်း ကိုလည်း လေ့လာသိရှိရပါတယ်။
    စိုက်ပျိုးရေးအခြေခံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အထူးသဖြင့် အထက်မြန်မာပြည်ဒေသတွေမှာ  စိုက်ပျိုးရေးကို တစ်ဖက်တစ်လမ်းကနေ အထောက် အကူပြုပြီး၊ မိသားစုတစ်နိုင်တစ်ပိုင် ဆောင်ရွက် နိုင်တဲ့ လုပ်ငန်းဖြစ်တဲ့ ဆိတ်^သိုး မွေးမြူမှုကို အလေးထား လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။ အခုအခါမှာတော့ နိုင်ငံတော်အစိုးရရဲ့ စီးပွားရေး မူဝါဒများနဲ့အညီ ဈေးကွက်စီးပွား ရေးစနစ် အကောင်အထည်ဖော်ဖို့နဲ့ ဝင်ငွေတိုးတက်ရရှိရေး တို့အတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ် စတဲ့  တိရစ္ဆာန် အရှင်တွေကို ပြည်ပသို့တရားဝင်တင်ပို့ ခွင့်ပြုခဲ့ တာကြောင့် အဆိုပါတိရစ္ဆာန်တွေအတွက် တင်ပို့ မည့် ဈေးကွက်ပိုမိုတိုးတက်ရရှိရေးဟာ အရေးပါ လာတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တရား မဝင် ကုန်သွယ်မှုတွေကို တရားဝင်လမ်းကြောင်း ပေါ်သို့ ပို့ဆောင်ပေးနိုင်ခြင်းဖြင့် နိုင်ငံအတွက် အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိလာမှာလည်း ဖြစ်ပါတယ်။  ကျေးလက်နေပြည်သူများရဲ့ ဝင်ငွေ တိုးတက်ရရှိရေး၊ မြန်မာ့ပို့ကုန်များ တိုးချဲ့တင်ပို့နိုင် ရေးတို့အတွက်  မလေးရှားနိုင်ငံသို့ သိုး^ဆိတ်များ တိုးတက်တင်ပို့နိုင်စေရေး ဆန္ဒပြုလျက် ရေးသား တင်ပြလိုက်ရပါတယ်။

ကျော်စိန်ဝင်း

 

 

Local Trade News

Pages