ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့နေပြီး ဈေးကွက်သစ်များထပ်မံရရှိ

Fri, 07/28/2017 - 06:54 -- admin_ygn

     ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၂၅၅၉၂ တန် ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၈၉၀၃ တန်၊ ဧည့်မထဆန် ၂၅၆၇ တန်၊ ကောက်ညှင်းဆန် ၅၅ တန်၊ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၆၀ ကျော်၊ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှငစိန်ဆန် ၃၄၈၉ တန်၊ ကန်ပိုက်တီ ကုန်သွယ် ရေးစခန်းမှ ဧည့်မထဆန် တန်၆၀၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ  မောင်တောကုန်သွယ်ရေးစခန်းမှ  ဧည့်မထဆန် ၄၅၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခင်တစ်ပတ်က ၂၅၃၈၄ တန်ခန့် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ဆန် ၂၀၈ တန်  ပိုမိုတင်ပို့ခဲ့ပါတယ်။
ယခုတစ်ပတ် ကုန်သွယ်ရေးစခန်းများမှ ဆန်ပိုမိုတင်ပို့ သလို ဆန်ကွဲလည်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၂၃၈၁ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ၁၀၂၃ တန် ကျော်၊ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ ၁၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၉ သန်း တန်ဖိုးရှိ စုစုပေါင်း  ဆန်ကွဲ ၃၄၁၉ တန် တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်က   ဆန်ကွဲ ၂၇၉၃ တန်ကျော် တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၆၂၆ တန်ပိုမို တင်ပို့နိုင်ခဲ့ပါ တယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ဇူလိုင်လ ၉ ရက်မှ ၁၅ ရက်အထိ   သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ
၃ဒသမ ၄၅၇ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၁၁၉၀၅ တန် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဆန်ပိုမိုတင်ပို့နိုင်ပြီး ဈေး ကွက်သစ်လည်း ထပ်မံရရှိခဲ့ပါတယ်။  ဆန်တင်ပို့မှုများမှာ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၂၀၁၀၊ အာဖဂန် နစ္စတန်နိုင်ငံသို့ ဧည့်မထဆန် ၃၈၇၅ တန်၊  သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၁၇၅၀၊ ရုရှားနိုင်ငံသို့  ဧည့်မထဆန် ၃၅၅ တန်နဲ့ ပေါင်းဆန် တန်ချိန် ၅၅၀၊ မက်ဒါဂါစကားနိုင်ငံသို့ ဧည့်မထဆန် ၈၇၅ တန်၊ ဟောင်ကောင်သို့ ငစိန်ဆန် တန်၅၀၊ အင်ဒိုရာနိုင်ငံသို့ ဧည့်မထဆန် တန်ချိန်၂၀၀၊ နီဂျာ နိုင် ငံသို့ ပေါင်းဆန်တန်ချိန် ၂၅၀၊ ဘီနင်နိုင်ငံသို့  ဧည့်မထဆန် ၃၇၅ တန်၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၃၆၅ တန်နဲ့ ယခု တစ် ပတ်ဈေးကွက်သစ် ဂီနီဘစ်ဆောနိုင်ငံသို့ဧည့်မထဆန် တန်ချိန် ၁၂၅၀တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က တန်ချိန်၆၄၅၀တင်ပို့ ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၅၄၅၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။
ယခုတစ်ပတ်မှာ ဆန်သာမက ဆန်ကွဲလည်း ပိုမိုတင်ပို့ နိုင်ပါတယ်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅၁ သန်း  တန်ဖိုး ရှိ ဆန်ကွဲ ၉၂၅၁ တန် တင်ပို့ခဲ့ရာ ဂျီဘူတီနိုင်ငံသို့ ဈေးကွက် သစ်  ရရှိခဲ့ပါတယ်။ ဈေးကွက်သစ် ဂျီဘူတီနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀၀၊ တောင်အာဖရိက နိုင်ငံသို့ တန်ချိန် ၅၀၀၊ မက်ဒါဂါစကားနိုင်ငံသို့   တန်ချိန် ၁၅၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၂၅၀၊ အင်ဒိုနီးရှားနိုင်ငံသို့  တန်ချိန် ၂၄၅၀၊ နီဂျာ နိုင်ငံသို့ တန်ချိန် ၂၅၀ နဲ့ အီးယူနိုင်ငံများသို့ ၅၁၅၁ တန်တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၇၁၆၃ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၂၀၈၈ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။
ယဉ်ယဉ်အေး