စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ဆေးဈေးနှုန်းများ အခြေအနေ

Tue, 09/19/2023 - 03:53 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထား လုပ်ကိုင်သောဒေသဖြစ်ရာ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ၊ ဆေးနှင့် ဆေးပစ္စည်းများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူ အသုံးပြုလျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူခရိုင်အတွင်းရှိ သီးနှံစိုက်ပျိုးတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုး ရေးသုံး ဓာတ်မြေဩဇာနှင့် ဆေးဈေးနှုန်းများ အနေဖြင့် စက်တင်ဘာလ (ဒုတိယပတ်) တွင် ပန်းဖူး သစ် (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၉၂,၀၀၀) ကျပ်၊ မျှားကမ္ဘာ (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၈၂,၀၀၀) ကျပ်၊ ကွန်ပေါင်း (10:10:5) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၁၆၀,၀၀၀)ကျပ်၊ ပိုတက် (၅၀) ကီလိုဂရမ် တစ်အိတ် လျှင် (၁၄၅,၀၀၀) ကျပ်နှင့် ရွှေတောနစ် (၅၀၀) စီစီ တစ်ဘူးလျှင် (၁၂,၀၀၀) ကျပ်၊ မိုရယ်မုန်း (၅၀၀) စီစီ တစ်ဘူးလျှင် (၂၅,၅၀၀) ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဘူးလျှင် (၂၂,၀၀၀) ကျပ်၊ အမ်မို (၁)လီတာ တစ်ဘူးလျှင် (၂၂,၀၀၀) ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ၊ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA (စစ်ကိုင်း)