ခရမ်း-သုံးခွ ပဲတီစိမ်းဈေးကွက် စောင့်ကြည့်သင့်သည်ဟုဆို

Tue, 05/03/2016 - 09:17 -- admin_ygn

   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့တွင် ရောင်းဝယ်လျက်ရှိသည့် ပဲတီစိမ်း ဈေး ကွက်ကိုလေ့လာစောင့်ကြည့်ပြီးမှ ရောင်းဝယ်သင့်ကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ ပြောကြားလျက်ရှိနေပါ တယ်။ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကတည်းက ခရမ်းသုံးခွ နယ်အတွင်း ပဲတီစိမ်းဈေးကွက်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၃၂၀၀၀နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။အဲဒီကာလမတိုင်ခင်က တစ်တင်းလျင်ကျပ် ၄၂၀၀၀ ရှိခဲ့ပေမယ့် ပဲတီစိမ်း တောင်သူတွေအနေနဲ့ ဈေးမြင့်တက်မယ်အထင်နဲ့ စောင့်ဆိုင်းနေခဲ့ပါ တယ်။ဒါပေမယ့်လည်း သြင်္ကန်ကာလနီးလာလေ ပဲတီစိမ်း ဈေး နိမ့်ကျလေလေ ဖြစ်လာတာကြောင့် တောင်သူတွေဟာ ပေါက်ဈေးနဲ့ ရောင်းချနေကြရတယ်လို့ ဆိုပါတယ်။ ပြည်ပ ဝယ်လက်နည်းပါးတာကြောင့် အခုလို ဈေးကျဆင်းသွားရတာ ဖြစ်တယ်လို့ ကုန်သည်အများစုက ပြောဆိုကြပါတယ်။ယခုလက်ရှိအခြေအနေမှာ ပဲအရည်အသွေးကောင်း လျှင် ကောင်းသလို တစ်တင်းလျှင် ၃၅၀၀၀ကျပ်အထိ ရရှိနေကြသလို ပဲအရည်အသွေးညံ့ဖျင်းပါက ကျပ် ၂၉၀၀၀ သာရရှိကြတယ်လို့တောင်သူတွေက ဆိုပါတယ်။ကုန်သည်အများစုကတော့ ခရမ်း-သုံးခွပဲတီစိမ်းဈေး ကွက်ကို မေလ ၁၅ ရက်နေ့အထိ စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။ 

  သိန်းမြင့်(သန်လျင်)

Local Trade News

Pages