ကံမမြို့နယ်မှ ထွက်ရှိသည့် ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းဈေးကွက်

Wed, 12/13/2023 - 10:31 -- mocadmin

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ လိပ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာ စသည့်ကျေးရွာများတွင် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုး လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလကုန်အထိ ပဲသီးနှံစိုက်ပျိုးမှုအနေဖြင့် ပဲတီစိမ်းသီးနှံ (၂၀၃၆) ဧကနှင့် မတ်ပဲသီးနှံ (၂၁၉၉၅) ဧက အောင်မြင်စွာစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

ပဲသီးနှံဈေးနှုန်းများအနေဖြင့် နိုဝင်ဘာလ (စတုတ္ထပတ်) တွင် ပဲတီစိမ်းသီးနှံ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၇၅,၇၅၀-၇၆,၅၀၀)၊ မတ်ပဲသီးနှံ (၃၀) ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၁၃၀,၅၀၀) စသည့်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ (ပထမပတ်) တွင် ပဲတီစိမ်း (၃၀) ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၈၀,၂၅၀)၊ မတ်ပဲ (၃၀) ပိဿာဝင် တစ်အိတ်လျှင်ကျပ် (၁၃၆,၅၀၀) ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အ‌ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ရက်လျှင် ပဲတီစိမ်းအိတ်ရေ (၃၀မှ ၇၀) ခန့်၊ မတ်ပဲအိတ်ရေ (၂၀ မှ ၅၀) ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဒေသတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှသိရသည်။

DOCA (မကွေး)

Local Trade News

Pages