ကသာခရိုင်၏အဓိက ထုတ်ကုန်စက်မှုသီးနှံကြံရိတ်သိမ်းချိန် ဈေးကောင်းရ

Mon, 01/23/2017 - 08:16 -- admin_ygn

       ကသာခရိုင်ရဲ့ အဓိကထုတ်ကုန် တစ်မျိုးဖြစ်တဲ့ စက်မှုသီးနှံကြံစိုက်ပျိုး မှုမှာ ဧကနှစ်သိန်းကျော်ရှိပြီး ကသာ မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်များမှာ အများ အပြား စိုက်ပျိုးပါတယ်။ ကသာခရိုင် တွင် ကြံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများ ဆုံးဖြစ်တယ်လို့ သိရပြီး ယခုနှစ်မှာ ကြံတစ်တန်ကို ကျပ်ငါးသောင်းနဲ့ သကြားစက်များက   ဝယ်ယူနေလို့ ဈေးကောင်းရနေတယ်လို့ ကြံတောင် သူများထံမှ သိရပါတယ်။''ကျွန်တော် ကတော့ နဝဒေး-၄ ကြံမျိုးကို စိုက်ပျိုးပါတယ်။ တစ်ဧကကို မျိုး ခြောက်တန်ထည့်စိုက်ရပါတယ်။ ပထမမျိုးကို မရောင်းဘဲ စိုက်မယ်ဆို ပါက ၁၀ ဒသမ ၇၅ ဧက ထပ်စိုက်ပျိုး နိုင်ပါတယ်။ တစ်ဧကကို ကုန်ကျစရိတ် လေးသိန်းကျော်ရှိပြီး အထွက်နှုန်းတန် ၅၀ နဲ့ ၆၀ ကြားမှာ ရှိပါတယ်။ ယခုနှစ် မှာ ကြံတစ်တန်ကျပ် ငါးသောင်းနဲ့ သကြားစက်ကို ရောင်းရလို့ တောင်သူ တွေအနေနဲ့ ကြံတစ်တန်ကို ခုတ်ခ၊ တင်ခ၊ ကားသယ်ခ၊ အထွေထွေကုန်ကျ စရိတ်နုတ်ပြီး ကျပ်နှစ်ေ သာင်း အသား တင် ကျန်ပါတယ်။ ဒါကကြံသီးနှံ ပထမ နှစ်ပါ။ နောက် ဒုတိယနှစ်နဲ့ တတိယ နှစ်ဆို လမိုင်း(ခုတ်ထားကြံအတက် ပေါက်)နဲ့ အမြတ်ပိုကျန်ပါတယ်။ တစ်မြို့နယ်လုံး ခုတ်သိမ်းနေကြပါပြီ။ ကြံတောင်သူများအနေနဲ့ အပြင် ကနေ ငွေတိုးယူပြီး စိုက်ပျိုးကြတဲ့အတွက် ရသမျှအမြတ်က အတိုးပေးနေရတာ ချည်းပါပဲ'' လို့ ကြံတောင်သူ ဦးဝမ်ယုက ပြောပါတယ်။ ကြည်နိုင်ဦး (အင်းတော်)