ကယားပြည်နယ်အတွင်းစားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော

Fri, 01/15/2016 - 07:22 -- admin_ygn

၂၀၁၆ခုနှစ် ဇန်နဝါရီ ၇ ရက် နံနက်၁၀နာရီက   လွိုင်ကော်မြို့အ.ထ.က (၁) ကျောင်းမှာကယား ပြည်နယ်ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံး သူရေးရာဦးစီးဌာနမှဝန်ထမ်း များက စားသုံး သူ  အကာအကွယ်ပေးရေး အသိပညာပေး  ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ကျောင်းသူကျောင်းသား၂၅၀ ခန့်တက်ရောက် လေ့လာနားထောင်ကြ ပြီးပြည်နယ်ဦးစီးမှူး ဦးမောင်ေ မာင် အေး က စားသုံးသူအကာအကွယ်ပေးရေးအကြောင်းအရာနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကာ  အငယ်တန်းစာရေး ဝန်ထမ်းများဖြစ်ကြတဲ့   ဒေါ်နော်ကြူကြူ နဲ့ ဒေါ်ဇင်မာစိုး တို့ကေ ကျာင်းဈေး တွေမှာကျောင်းသူကျောင်းသားတွေ ကိုဘေးအန္တရာယ်ပေးမည့်မုန့်ထုပ် အမျိုးမျိုးကို ပြသပြီးရှင်းလင်းပြောပြခဲ့ ပါတယ်။ဟောပြောပွဲအပြီးမှာ  ပြည်နယ်ဦးစီးမှူး က ကျောင်းအုပ် ဆရာကြီးကို ကလေးများအာဟာရ  ဖြစ်စေရန်  ပဲနို့ ဘူးနဲ့   လက်ကမ်းကြော်ငြာစာစောင် များကိုလက်ဆောင်အဖြစ်ပေး အပ်ခဲ့ပါ တယ်။ ၂၀၁၅ခုနှစ်  ဒီဇင်ဘာ ၁၀ ရက် ကလည်း  လွိုင်ကော် မြို့၊  စည်ပင်သာ ယာဈေး  တာဝန်ခံရုံးမှာ   ဈေးသူဈေးသားဈေးရောင်းသူများကို  အလားတူ အသိပညာပေးဟောပြောခဲ့ပြီး အသိ ပညာပေးနှိုးဆော်စာ  ဗီနိုင်း တစ်ချပ်နဲ့ လက်ကမ်းကြော်ငြာတွေ ပေးအပ်ခဲ့ပါတယ်။
မောင်မောင်အေး(လွိုင်ကော်)

Local Trade News

Pages