ကယားပြည်နယ်နဲ့ ကြယ်ပဲအကြောင်းတစေ့တစ်စောင်း

Wed, 05/25/2016 - 06:53 -- admin_ygn

မြန်မာနိုင်ငံကို sacha inchiလို့ ခေါ်တဲ့ ပဲတစ်မျိုးဟာ ၂၀၁၄ ခုနှစ်က စတင် ဝင်ရောက် ခဲ့တာဖြစ်ပါတယ်။  မူရင်းဒေသကတော့ ပီရူး နိုင်ငံကပါ။အသီးမှာ အမွှာလေးတွေနဲ့ ကြယ်ပုံ လေးမို့လို့ကြယ်ပဲလို့မြန်မာလူမျိုးတို့က ခေါ်ဆို ခဲ့ကြကြောင်း သိရှိရပါတယ်။ ကြယ်ပဲကိုအယ်လ် ဆာဒိုင်း ကုမ္ပဏီကစတင်တင်သွင်းခဲ့တာဖြစ်ပြီး အဲဒီ အချိန်က တစ်ကီလိုကို ကျပ်သုံး သိန်းကျော် ရှိပါတယ်။ နောက်ပိုင်းမှာတော့ တစ်ကီလိုကို ကျပ် နှစ်သိန်းခွဲ အထိဖြစ်သွားပါ တယ်။မြန်မာ့ကြယ်ပဲ  စိုက်ပျိုးသူများ  အဖွဲ့ကို ဦးနေဝင်း၊  ဦးမြင့်ဆွေ  တို့  ဦးဆောင်ဖွဲ့စည်းကာ ကြယ်ပဲနဲ့ပတ်သက်တဲ့  သတင်းအချက်အလက် တွေ၊ လက်ကမ်းစာစောင်တွေကို မြန်မာပြည် အနှံ့ဖြန့်ဝေပြီး  အများသိအောင် မျှဝေခဲ့ကြတယ် လို့  လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေမှာ ဖတ်ရှုရပါ တယ်။ အဲဒီကစလို့  စိုက်ပျိုးသူတောင်သူများက   သိရှိလာကြတော့  ကုမ္ပဏီ တွေကမျိုးစေ့တွေကို  ဈေးတင်ရောင်းကြပါ တယ်။ စိုက်ပျိုးရရှိလို့ ထွက်လာတဲ့ ကြယ် ပဲတွေ ကို အခွင့်ကောင်းယူပြီး  ဈေးနှိမ်ဝယ်ယူကြပါ တယ်။ ဒါကြောင့်  တောင်သူ တွေက မျိုးစေ့တစ် ကီလိုကို ဘတ်၃၅၀၀၀ နဲ့  ထိုင်းနိုင်ငံဘက်ကို တိုက်ရိုက်မှာကြတဲ့အတွက် နောက်ဆုံးမှာတစ်ကီလိုကိုဘတ် ၁၅၀၀၀အထိ ဈေး ကျသွားခဲ့ပါတယ်။ဒါကတော့ကြယ်ပဲနဲ့ပတ်သက်တဲ့သမိုင်းအကျဉ်းလေးကိုလေ့လာရသလောက်ပြန်လည် မျှဝေတာပါ။ ဒါဆိုကြယ်ပဲက ဘာတွေအသုံးဝင် လို့လဲ၊  တွေးမိလာပါလိမ့်မယ်၊   ကြယ်ပဲစေ့ကို ကြိတ်ပြီး ရရှိလာ တဲ့ဆီမှာ  အိုမီဂါ ၃,၆,၉လို့ ခေါ်တဲ့ဓာတ်တွေပါဝင်ပါတယ်။  လူကိုအား ရှိစေတဲ့  ငါးကြီးဆီ  အစားထိုးဆေးဝါးအနေနဲ့ အသုံးပြုနိုင်ပါတယ်။  မကောင်းတဲ့ကိုလက်စထရောတွေကိုခြေဖျက်ပေးနိုင်ပြီး   နှလုံးရောဂါ၊ အဝလွန်ရောဂါ များကို   ကာကွယ်ပေးနိုင်ပါ တယ်။ကြယ်ပဲအရွက်ကို လက်ဖက်ခြောက်လိုအခြောက်လှန်းပြီးခတ်သောက်ရင်  အဆီကျ စေပါတယ်။  ဈေးကွက်အလားအလာကောင်း ပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာ  အနည်းဆုံးတစ်ကီလိုကို  ကျပ်၂၀၀၀ နှုန်းရှိ ပါတယ်။  တစ်ပင်နဲ့ တစ်ပင်ကို အကွာအဝေး ၉ပေ ပတ်လည်   (သို့မဟုတ်)   ၆ပေ_၃ ပေ စိုက်ပျိုးနိုင်ပါတယ်။ တစ်ဧက  အထွက်နှုန်းက တစ်နှစ်ကို  ကီလိုဂရမ် ၂၀၀၀ ထွက်ပါတယ်။  အပင်သက်တမ်း က လည်း   လေးလခွဲ ၊  ငါးလမှာ  စတင်ပန်းပွင့်ပြီး   ရှစ်လအကြာ  ခူးလို့ရပါပြီ၊ အပြုအစု ကောင်းရင် နှစ် ၃၀ ကျော်မှနှစ် ၅၀ အထိ သက်တမ်းရှိတယ်လို့ လေ့လာ သိရှိရပါ တယ်။ တစ်ကီလိုကို မျိုးစေ့၈၀၀ကျော် ပါပါတယ်။ တစ်ခါစိုက်ပြီးရင် နှစ်စဉ်ဝင်ငွေရနိုင်မှာမို့ စီးပွား ရေးအရပဲဖြစ်ဖြစ်   ကျန်းမာရေးအရပဲဖြစ်ဖြစ်    စိုက်ပျိုးသင့်ပါတယ်။  ဓာတုပိုးသတ်ဆေး လုံး၀ မသုံးရပါဘူး။သဘာဝမြေဆွေးဥပမာ-နွားချေး၊  ကြက်ချေး   မြေဆွေး တို့ကို  သုံးပေး ရ ပါမယ်။    ကြယ်ပဲအခွံချွတ်ပြီးသား အခြောက်တစ်ကီလို ကို ကျပ် ၁၀၀၀နဲ့၂၀၀၀ နှုန်းရှိပါတယ်။ကျိုင်းတုံ၊  မန္တလေး၊   တောင်တွင်းကြီး မြို့နယ်တွေ မှာ  ကြယ်ပဲစိုက်ပျိုးတာ အောင်မြင် နေကြ ပါပြီ။ ကယားပြည် နယ်၊  လောပိတစ်ဖက် မှာလည်း    ကြယ်ပဲကို   ကိုယ်တိုင် စိုက်ပျိုးပြီး ပြည်ပတင်သွင်းချင်သူများလည်းရှိနေပါတယ်။ ကယားပြည်နယ်ဟာရာသီဥတုအနေနဲ့ အရမ်း မအေးလှတဲ့အတွက် ကြယ်ပဲစိုက်ပျိုးဖို့သင့်တော် တဲ့ ဒေသ တစ်ခု လည်း ဖြစ်ပါတယ်။  ကယား ပြည်နယ်မှာ ကန္ဒရဝတီ  Trade  Center    လည်း ဖွင့်လှစ်ထားပြီးဖြစ်တဲ့အတွက်  ကြယ်ပဲ တင်ပို့ ချင်တဲ့ တောင်သူများအနေနဲ့  ကြယ်ပဲနဲ့ ပတ် သက်ပြီး စိတ်ဝင်တစား လာရောက်ဆွေးနွေး မှုတွေ ရှိနေကြပါပြီ။ ကြယ်ပဲဟာ ရေကိုနှစ်သက် ပေမယ့် ရေဝပ်တာကို မနှစ်သက်ပါဘူး။  မိုးနည်း တဲ့မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာရေသွင်း စိုက်ပျိုး နိုင်သလို   မိုးများတဲ့ရန်ကုန်၊  ပဲခူး၊ ဧရာ ဝတီဘက်တွေမှာလည်း စိုက်ပျိုးေ အာင်မြင် နိုင်ပါတယ်။  ကယားပြည်နယ် အနေနဲ့  ကြယ်ပဲ ဈေးကွက်မရှိသေးတာကို  တွေ့ရပါတယ်။ကျိုင်းတုံမြို့က      ကိုဆန်းဦး   ဆိုသူက   ကြယ်ပဲအရွက်ကို   အခြောက်လှန်းပြီး  ကြယ်ပဲ စေ့ကို ကိုယ်တိုင်လှော်ပြီး ထုတ် လုပ်ရောင်းချပါတယ်။  ထိုင်းနိုင်ငံ ကုန်စည်ပြပွဲမှာလည်း ဝင် ရောက်ပြသခဲ့ပါတယ်။  အခုဆိုရင်  ထိုင်းဈေး ကွက်မှာ   အတော်လေးနေရာယူ  ခရီးပေါက်နေ ပါပြီ။  ကယားပြည်နယ်မှာလည်း    ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်နှင့် မကြာမီ  ကုန်စည် ကူးသန်းရောင်းဝယ်နိုင်တော့မှာဖြစ်တဲ့အတွက် ဈေးကွက်တစ်ခုအနေနဲ့  ကြိုတင်  ပြင်ဆင်ထား သင့်ပါတယ်။ ဒါကြောင့်  ကယားပြည်နယ် သူ^ /ြ ပည်နယ်သားများအား လုံး   ပြည် တွင်း/ပြည်ပ ပို့ကုန်တစ်ခုအနေနဲ့ ကြယ်ပဲကိုစိုက်ပျိုးသင့် ပါကြောင်း တင်ပြလိုက်ရပါတယ်။

နော်ကြူကြူ(လွိုင်ကော်)