၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စွမ်းအင်ဝယ်လိုအား မြင့်တက်နိုင်

Wed, 01/10/2018 - 09:14 -- admin_ygn

ထိုင်းနိုင်ငံ၏စွမ်းအင်ဝယ်လိုအား သည် ၂၀၁၈ ခုနှစ်တွင် မြင့်တက်လာ မည်ဖြစ်ရာ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၂ ဒသမ ၈၁ ဘီလီယံလို အပ်၍ ၂ ဒသမ ၁ မှ ၂ ဒသမ ၄ ရာခိုင် နှုန်းထိမြင့်တက်လာနိုင်ကြောင်း ထိုင်း နိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် မြ. ွှတမေအေ့ ှကအဘေကမမ က ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၏  ယခုနှစ်အတွင်း ရေနံစိမ်းတစ်စည်၏  ပျမ်းမျှဈေးနှုန်း သည် ဒေါ်လာ ၅၂ ဒသမ ၇၀ ရှိခဲ့ပြီး ကြီးမားသောပဋိပက္ခနှင့် ပထဝီဝင်နိုင်ငံ ရေးပြဿနာ  ကြီးကြီးမားမား မရှိပါက ၂၀၁၈ ခုနှစ်အတွင်း ရေနံဈေးနှုန်းသည် ယခုနှစ်ဈေးနှုန်းထက်  သိသိသာသာ မြင့်တက်မှုမရှိနိုင်ကြောင်း၊၂၀၁၈ ခုနှစ်  တွင် ထိုင်းနိုင်ငံ၏ သယ်ယူပို့ဆောင် ရေးနှင့် လျှပ်စစ်ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့  ဝယ်လိုအားသည် ကျဆင်းလာမည်ဖြစ်ပြီး  ပြန်ပြည့်မြဲစွမ်း အင်ကဏ္ဍ  ရင်းနှီးမြှပ်နှံမှုကို အားပေး သည့် အစိုးရ၏ အစီအမံများကြောင့် ပြန်ပြည့်မြဲ စွမ်းအင်ဝယ်လိုအားသည် ၂၀၁၈ ခုနှစ်တွင်  သိသိသာသာတိုး တက်လာမည်ဖြစ်ကြောင်း၊ စားအုန်းဆီ  မှထုတ်ယူရရှိသည့်  ဘိုင်အိုဒီဇယ်ကို ရေနံအရောင်းဆိုင်များ၌   ရောင်းချမှု ကိုလည်း ၇ ရာခိုင်နှုန်းအထိ မြှင့်တင် သွားမည်ဖြစ်ကြောင်း   သိရှိရသည်။ ထို့ပြင် ၂၀၁၈ ခုနှစ်တွင် လျှပ်စစ်ဝယ် လိုအားသည်  ကီလိုဝပ်နာရီ ၁၉၂ ဒသမ ၉၂ ဘီလီယံသို့  ရောက်ရှိ၍ ၄ ဒသမ ၁ ရာခိုင်နှုန်း  တိုးတက်မည်ဟု ခန့်မှန်းမှုသည် လျှပ်စစ်တင်ပို့မှု၊ စက်မှု ကဏ္ဍနှင့် ခရီးသွားကဏ္ဍများအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။
သန့်စင်ပြီး လောင်စာများဖြစ်ကြ  သော ဓာတ်ဆီဝယ်လိုအားသည်  ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဒီဇယ်ဝယ်လိုအား သည် ၂ ဒသမ ၆ ရာခိုင်နှုန်း၊  ဂျက် လေယာဉ်ဆီဝယ်လိုအားသည် ၄ ဒသမ ၄ ရာခိုင်နှုန်းအသီးသီး  တိုးတက်၍ သန့်စင်ပြီး  လောင်စာတိုးတက်မှုသည် ၂ ရာခိုင်နှုန်းတိုးတက်ရန်လည်း  ခန့် မှန်းထားပါသည်။ သဘာဝဓာတ်ငွေ့ ရည်ကဏ္ဍအပေါ် အစိုးရ၏အထောက် အပံ့များ လျှော့ချလိုက်သဖြင့် သဘာ၀ ဓာတ်ငွေ့ရည် (ူငဆကန်ငနိ ဏနအမသူနကာ ွေျ - ူဏွ) ဝယ်လိုအားသည် ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages