အိန္ဒိယပို့ကုန်ဈေးကွက် ထပ်မံ ဖြန့်ကြက်ရန် အစိုးရကကူညီမည်

Thu, 01/25/2018 - 07:22 -- admin_ygn

အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပို့ကုန်ဈေးကွက်ကို ထပ်မံဖြန့်ကြက်ရန်မဟာဗျူဟာချမှတ်ရေးကို အစိုးရကကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူရက်ပရာဘူက ဇန်နဝါရီ ၁၉ ရက်တွင်ပြော သည်။အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှဒေသမှာ အစားအစာနှင့် အဖျော်ယမကာကုန်သွယ်ရေး ဗဟိုအချက်အချာ ဖြစ်လာစေရေးအတွက် သီးခြားအစီအမံများကို စတင်ဆောင်ရွက်ရန် အစိုးရကစီမံဆောင်ရွက်နေ ကြောင်း လည်း သူကပြောသည်။မြို့တော်နယူးဒေလီရှိ  ဂရိတ်တားနွိုက်ဒါဒေသတွင် ကျင်းပသော အစားအစာနှင့် အဖျော်ယမကာ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကြီး ဖြစ်သည့် ''အိန္ဒိယအစားအစာ''  (Indus Food)  ပြပွဲဖွင့်ပွဲတွင် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။''ပို့ကုန်တွေကို ဖြန့်ကြက်ဆောင်ရွက်ဖို့ မဟာဗျူဟာသစ်ကို ကျွန် တော်တို့ ရေးဆွဲချမှတ်နေပါတယ်။ အိန္ဒိယနိုင်ငံက ဈေးကွက်သစ်တွေမှာ ပို့ကုန်အသစ်တွေကို တင်ပို့ရောင်း ချနေပြီဆိုတာမျိုးဖြစ်အောင် ကျွန်တော် တို့ဆောင်ရွက်ချင်ပါတယ်။ ဈေးကွက်သုတေသနကို အခြေခံပြီး ဈေးကွက် မဟာဗျူဟာကို ကျွန်တော်တို့  ပြင်ဆင်နေပါတယ်။  ကျွန်တော်တို့က ပုဂ္ဂလိက ကဏ္ဍကို အထောက်အကူေ ပးပါမယ်။ အတားအဆီးတွေကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေ ရှင်းသွားပါမယ်''ဟု သူကဆိုသည်။ပြပွဲသို့ပြည်နယ် ၁၂ ခုမှ ပြသသူ ၄၀၀ ကျော် ပါဝင်ပြသပြီး နိုင်ငံ ပေါင်း ၄၃ နိုင်ငံမှဝယ်လက်များတက်ရောက်ခဲ့ကြသည်။ ပြပွဲ၏ရည်ရွယ် ချက်မှာ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအား ကမ္ဘာ့ဈေးကွက်နှင့် ဆက်သွယ် ပေးရန်ဖြစ်သည်။အစိုးရသည် စီးပွားရေးလုပ်ငန်း  ဆောင်ရွက်ရလွယ်ကူစေရန်နှင့် ကမ္ဘာ့ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး ဝင်ရောက်မည့်ဒေသ အဖြစ် အိန္ဒိယနိုင်ငံကိုရောက်ရှိအောင် ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချမှတ် ထားပြီးဖြစ်ကြောင်းလည်း ဝန်ကြီးကပြောသည်။အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတွင် ပို့ကုန်(ကုန်စည် နှင့်ဝန်ဆောင်မှုနှ စ် ခုစလုံး) ၏ပါဝင်မှုအချိုးမှာ ဆက်တိုက်ကျဆင်းခဲ့ရာ ၂၀၁၃-၁၄ ခုနှစ်က ၂၅ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇-၁၈ ခုနှစ်တွင် ခန့်မှန်း ခြေ ၂၀ ရာခိုင်နှုန်းသု့ိရောက်ရှိခဲ့သဖြင့် စီးပွားရေးတိုးတက်မှုနှုန်းကိုပါ ကျဆင်းစေခဲ့သည်။ စွမ်းဆောင်ရည် ကျဆင်းခဲ့ရသည့် အကြောင်းရင်း အမျိုးမျိုးအနက် ကမ္ဘာ့ဝယ်လိုအား မမှန်ကန်မှု၊ ပြည်တွင်း ငွေကြေးတန်ဖိုး အဆမတန်မြင့်တက်မှု၊ ထောက်ပံ့ပို့ဆောင်ရေးစရိတ်မြင့်တက်မှုနှင့် ကဏ္ဍအသီးသီးတွင် ယှဉ်ပြိုင်မှုစွမ်းရည် နည်းပါးမှုတို့ပါဝင်သည်။

ဉာဏ်တင်စုစည်းတင်ပြသည